သို့ မိတ်ဆွေ
အကြောင်းအရာတခုကို သင်ကြားဖူးသိဖူးအောင် ရှေးကလူကြီးတွေက ပါးစပ်ပုံပြင်တွေနဲ့ ပြောပြခဲ့တာရှိသလို အမည်မသိရှေးစာဆို ဆိုပြီးနာမည်တပ်ရတဲ့ ဘယ်သူမှန်းမသိတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေရေးခဲ့တဲ့စာတွေကြောင့်လည်း သိခွင့်ရခဲ့တာတွေလည်း ရှိခဲ့တယ်လေ ✍️✍️✍️
သင့်ရဲ့အနာဂတ်နေ့ရက်တွေထဲက လူတွေအတွက်ရည်စူးပြီး စာလေးတွေ ရေးကြည့်ပါ့လား✍️✍️✍️
ကိုယ်တိုင်အတွက်လည်း မှတ်မိနိုင်တဲ့မှတ်စုတခုရသလို အနာဂတ်လူသားတွေအတွက်လည်းဗဟုသုတရတာပေါ့ 🤩🤩
စာပေဆိုတာ နှစ်တွေဘယ်လောက်ကြာကြာမပြောင်းလဲတတ်ပါဘူး ⚖️⚖️
သုတ္တံကျမ်းလို ဆုံးမစာတွေနဲ့ ရှောလမုန်သီချင်းလို ချစ်ခြင်းဖွဲ့သံစဉ်တွေက ရှောလမုန်မင်းကြီးသာ တိုင်းရေပြည်ရာကြားထဲ မအားလပ်လို့ မရေးခဲ့ဘူးဆိုရင် အခုနေကျွန်တော်တို့ဖတ်ရမှာမဟုတ်ဘူးလေ 💬💬
မအားလပ်တဲ့ကြားက သင်ရေးသားမဲ့စာတိုပေစလေးတွေဟာ အနာဂတ်မှာ အသိမြင်တိုးစရာဖြစ်လာပြီး စိတ်ခွန်အားလည်း ဖြစ်လာနိုင်သလို စိတ်အပန်းဖြေစရာလည်း ဖြစ်လာနိုင်တာမို့ ကြိုးစားပြီးရေးကြည့်ဖို့တိုက်တွန်းပါရစေလား 😇😇😇
#MLN
#Write_it_Lead_it
#Devoship_Journal