ယုဒသန်

 

သေဆုံးခြင်းနဲ့ အသက်ရှင်ခြင်းကြားမှာ ရှင်သန်ဖို့ကြိုးစားနေကြရင်း ဘဝကဆိုးလိုက်တာ အလုပ်တွေကလည်း အဆင်မပြေခက်ခဲခြင်းတွေချည်း ဆက်တိုက်ကြုံလာရတဲ့အခါမှာ အရှုံးပေးလိုက်ရတော့မလားလို့တောင် တွေးမိလိုက်တဲ့အချိန်တိုင်းမှာ သတိရမိတဲ့လူတယောက်ရှိခဲ့တယ် 💡💡


သူ့အကြောင်းကို ခရစ်ယာန်တိုင်းမသိတဲ့လူဆိုတာ မရှိဘူးလို့ထင်ပါတယ် 😉😉😉


ထာဝရအသက်နဲ့ဆိုင်တဲ့ ကယ်တင်ခြင်းတရားကို မြန်မာပြည်ကို ပထမဆုံးသယ်ဆောင်လာတဲ့သူ ဖြစ်ပါတယ် ✝️☮️💟


ဘာသာစကားမတူ လူမျိုးမတူ ဓလေ့မတူတဲ့နေရာကို ရောက်လာပြီးတော့ သာသနာပြုတာကြောင့်မလို့ ထောင်ကျခံရတာနဲ့ အနေအစားဆင်းရဲဒုက္ခရောက်တဲ့အပြင် ခြောက်နှစ်ကြာမှ ယုံကြည်သူတယောက်ရတဲ့အထိ သူကယုံကြည်မှုပိုင်းဆိုင်ရာမှာ ကြံ့ခိုင်တဲ့သူတယောက်ဖြစ်ခဲ့တယ် 💪💪💪


မြန်မာပြည်အတွက်အသက်အလင်းပေးမဲ့ သူရဲ့ရည်ရွယ်ချက်ကို လူသားတယောက်အနေနဲ့တောင် သူပြည့်အောင်လုပ်နိုင်ခဲ့တယ် 📈📈


သူသာလက်လျှော့လိုက်ရင် တို့တတွေ ထာဝရအသက်နဲ့လွဲနိုင်တယ်ဆိုတာ တွေးမိပြီးတော့ သူ့ကို အမှန်တကယ် လေးစားအားကျမိပြီး ပြန်ရုန်းထဖို့ ခွန်အားတရပ် ရလာခဲ့တယ် 👣👣👣


သူက အမှန်တကယ်ပဲ လေးစားဂုဏ်ပြုထိုက်သူတယောက် ဖြစ်ပါတယ် 😇😇


#MLN

#Adoniram_Judson

#Devoship_Journal