မင်းဆိုးတစ်ကောင်
ရူးတဲ့အာဏာ ပေးတဲ့ဒုက္ခ
တောင်ကျရေပမာ
အမိန့်တော်စက်အား
နာရသူများခမျာ
ဖက်ရွက်နှင့်မခြား
ဆူးပေါ်ကျပေါက်
ဆူးပေါ်ရောက်ပေါက်
ဪ
ရောက်ခဲ့ပြန်ပြီပေါ့
ခွဲဖို့ကွာဖို့ ချစ်သူများအား
နှုတ်ဆက်ပြန်ပေအုန်းပေါ့ တစ်ခါ
အင်္ဂါချင်းဖြစ်
ခရစ်တော်၌တည်
သားသမီးတို့ဖို့
ကာလအချိန် ရွေးနှုတ်သည်၌
ဆုံကြဖို့ရန် ရှိလေပေတော့
ဪ
ရောက်ပြန်လိမ့်မည်
ဆုံဆည်းရာရင်ခွင်
ကောင်းကင်ပြင်တွင်
နှုတ်ဆက်ကြပြန်ပေါ့ တစ်ခါ ။
ဗေ (လားရှိုး)
(ကလောင်ရှင် ဗေ (လားရှိုး)သည် ကဗျာများ၊ ဓမ္မရေးရာစာစုများ မြောက်များစွာရေးသားနေသူ တဦးဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo