ဆုတောင်းသင့်သည်မှာ

အို..အဖဘုရားသခင်

အကျွန်ုပ်သည်

သူတစ်ပါးကိုဆုံးမပြီးမှ 

ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရပါလို၏။

(၁ကော ၉:၂၇)


အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို 

ကိုယ်တိုင်ပြသောသူသာ ဖြစ်စေပါ။

(တိတု ၂:၇)


ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတစ်ပါးကို မထီမဲ့မြင်ပြုသောသူ 

မဖြစ်ရပါလို၏။

(လု ၁၈:၉-၁၄)


ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်နိုင်ဖို့အလို့ငှာ 

ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ဦးစွာမြင်၍ 

ထုတ်တတ်စေတော်မူပါ။ 

(မဿဲ ၇:၃)


မိမိအသက်အရွယ်ကို 

မိမိကိုယ်တိုင် မထီမဲ့မြင်ပြုသောသူ မဖြစ်ရပါလို၏။

( ၁တိ ၄:၁၂)


အဖဘုရား၏ အိမ်တော်၌ 

သန့်ရှင်း၍ အိမ်ရှင်သုံးစရာ ကောင်းသော တန်ဆာဖြစ်ဖို့အလို့ငှာ 

အကျွန်ုပ်ကို သာ၍ပုံသွင်းတော်မူပါ။

(၂တိ ၂း၂၁)


နာမတော်မြတ်၌ တောင်းဆုပြုပါ၏ အဖဘုရား။ ။

အာမင်။


နေမျိုး(မချမ်းမြေ)

When praying, "Thy will be done" be sure you don't mean,"My will be done"


ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 458 417 581 [KBZPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo