သက်ရှင်ဖို့ရာ
လေကိုရှာ
ရနည်းနှစ်မျိုးရှိ
နေရာမရွေး
နီးဝေးမပြတ်
ပေါကြွယ်ဝစွာ
ရှုသုံးခါခါ
အခမလို
ကိုယ်တော်ဘုရား
ဖန်ဆင်းပေးထား
တစ် ပရမံ
အာရောဂျံအား
စိုးရိမ်ကင်းစွာ
ပိုပိုလျှံလျှံ
ပိုင်ကာဆိုင်လို့ထား
လိုတိုင်းမရ
နေရာသတ်မှတ်
တိုင်းဆတွက်၍
ငွေကြေးနှင့်သာ
ရှုရှိုက်သုံးရ
ဓာတ်ခန်းမှဖော်
စက်ယန္တရား
အသုံးချကာ
လူသားဉာဏ်ဖြင့်
ကြံဆလုပ်သော
တစ် ပရမံ
အာရောဂျံအား
အာမခံချက်
လျှင်းကင်းမဲ့စွာ
ပမာဏမှတ်
ပိုင်ဆိုင်ရသည်ကား
ဤသို့ဤကြောင်း
ရှိပါသောကြောင့်
များတို့ ခရစ်ယာန်
ဘုရားကျေးဇူး
စဉ်ဆက်နေ့ရက်
ရေတွက်ကျူး၍
ဝါယောလေအား
ရှုရှိုက်ကြစေသား ။
ဗေ(လားရှိုး)
(ကလောင်ရှင်သည် ကဗျာရေးသူ တဦးဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo