ဇူလိုင်ရဲ့ ငှက်ကလေးတွေဟာ တိတ်ဆိတ်နေခဲ့ကြတယ်
ဇူလိုင်ဟာ သမိုင်းမှာရိုင်းခဲ့တယ် ။
ဇူလိုင်ဟာ ဗိုလ်ချုပ်တို့သွေးကို မြေခစေခဲ့တယ်
ဇူလိုင်ဟာ မိတ်ဆွေတချို့ကို နှုတ်မဆက်ဘဲ
သူစိမ်းဆန်ဆန်ခေါ်သွားတယ် ။
ဇူလိုင်ရဲ့ အညတရသူရဲကောင်းတွေဟာ
ဇူလိုင်လေပြင်းနဲ့အပြိုင် ပြေးလွှားလှုပ်ရှားနေရတယ်
ဇူလိုင်မှာ လေပြေဟာ ခပ်ရှားရှားပေမဲ့
ဇူလိုင်ရဲ့မိုးကြီးဟာ မြန်မာပြည်ရဲ့မျက်ရည်ရှေ့မှာ ဒူးထောက်နေရပြီ ။
ဇူလိုင်ရဲ့လေပြင်းအောက် မိုးမလုံတဲ့အိမ်တွေဟာ နပ်မှန်မနေရှာဘူး ။
ဇူလိုင်ဟာ လူတချို့ကို တိတ်ဆိတ်စွာ ငိုရှိုက်နေစေခဲ့တယ်
ဇူလိုင်ရဲ့နားကြပ်တွေဟာ ဗျောက်တွေဖြစ်ကုန်ပြီ။
ဇူလိုင်ရဲ့ဝေဒနာဟာ ဇူလိုင်ရဲ့မိုးခြိမ်းသံထက် ကျယ်နေခဲ့ပြီ
ဇူလိုင်ရဲ့သူရဲကောင်းတွေက ဇူလိုင်ရဲ့ဘုရားသခင်ကို ဒူးထောက်နေကြလေပြီ ။
ဇူလိုင်ရဲ့ပန်းနံ့ဟာ ယမ်းနံ့အဖြစ်ပြောင်းနေသလို
ဇူလိုင်ရဲ့အသက်ရှုခြင်းတွေဟာ စျေးကြီးနေခဲ့တယ်
ဇူလိုင်ရဲ့မိစ္ဆာဟာ ဇူလိုင်ကို ခပ်ကြမ်းကြမ်း ဆွဲခါနေခဲ့တယ်
ဇူလိုင်ဟာ သည်းအူပေါက်နာကြည်းစေခဲ့ပြီ ။
ဇူလိုင်ဟာ ကယ်ပါယူပါ အော်ငြီးသံတွေဖုံးလို့
ဇူလိုင်ရဲ့ဘုရားသခင်ဟာ ဇူလိုင်ကို အကြည့်ရှု ကြွလာစေချင်မိနေပြီ
ဇူလိုင်ရဲ့ မျက်ရည်ဟာ ဇူလိုင်ရဲ့ဘုရားသခင်ထံ
ရေလှိုင်းလုံးကြီးလိုတက်ရောက်နေခဲ့ပါပြီ။
အကြည်
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo