ကိုဗစ် ...
သူဟာနှုတ်မဆက်ဘဲ ဝင်လာတတ်သလို
တံခါးမခေါက်ဘဲ အိမ်ထဲရောက်နေတတ်တယ်
သတင်းမကြားဘဲ လာလည်တတ်သလို
မပြောမဆိုနဲ့လည်း ပြန်ထွက်သွားတတ်တယ်
စိတ်တွေဆိုးပြီး မိသားစုတွေကိုလည်း ခွဲခွာသွားစေတတ်တယ်
သူ့ကြောင့် လူတွေဟာ အထီးကျန် နေရသလို
သူ့ကြောင့် လူတွေဟာ မျက်ရည်ပေါက်ကြီးငယ်ကျရတယ်
သူဟာဘယ်ကနေလာမှန်းမသိ ဘယ်ကိုပြန်ထွက်သွားမှန်းမသိတဲ့ လောကရဲ့ မိစ္ဆာလေလား
လူ့ခန္ဓာကိုယ်မှ သိပ်နှစ်သက်တဲ့ သတ္တဝါဆိုးများလားမသိ
ဘာပဲဖြစ်ဖြစ်ပါ
သူ့ကိုရင်ဆိုင်ဖို့ထက်
သူ့ကို ကာကွယ်တာဟာ ပိုကောင်းတယ်
သေချာတာတော့
သူဟာ အမှီသဟဲရှိမှ
အိမ်လိုက်လည်တတ်တာမျိုးဆိုတာမမေ့နဲ့
သူ့ကိုကာကွယ်ဖို့က အမြဲသတိ အသိရှိနေမှပါလေ။
သူ့ဆီတချက်ကလေး အလည်မသွားမိဖို့
သူ့ဝင်လာရင် တခြားသူကို အမှီပြု ထွက်ခွာသွားဖို့
သူဟာ ကပ်ပါးထက်အဆများစွာတွယ်ကပ်တတ်သမို့
မိမိကတဆင့် တခြားသူဆီ တခြားမိသားစုဆီ
တခြားတခြားမသိသော သူတွေဆီ
သယ်မယူသွားဖို့
အစစဂရုစိုက်ပါကွယ်တို့
ဒီအတောတွင်း သူ့ကြောင့်နဲ့
အသက်ရှုရပ်နေသူတွေကို
ဝတ်စုံမပါဘဲ လိုက်မပို့ဖို့က တခု သိပ်ပြီး ပို့ချင်လှချည်ရဲ့ဆိုလည်း
တဦးကိုတဦး ဆယ်ပေလောက်ခွာ မျက်စိ၊ နား၊ ပါးစပ် လုံအောင်ပိတ်
ကိုယ့်ကြောင့် သူများတွေ ဆက်မကူးအောင် ဂရုစိုက်နိုင်ကြရင်ဖြင့် သူများကြောင့် ကိုယ့်ဘဝကို ကာကွယ်နိုင်ခဲ့ရင်ဖြင့်
အသက်ရှူရတာတွေ ဝလာကြမှာပါ နောင်ခါကျ
ပြန်ပြီးဖက်ထား နှုတ်ဆက်နိုင်မှာပါ ပြုံးနိုင်တဲ့နေ့တွေ ဖြစ်လာဦးမှာပါ
မပေါ့ကြပါနဲ့
တို့တတွေဟာ ငွေမချမ်းသာချင်နေ
စိတ်တော့ချမ်းသာစေချင်ရဲ့
ဘယ်သူ့ကိုမှအပြစ်မတင်
သခင့်ထံဒူးထောက်ရင်း
ရင်ဆိုင်ကာကွယ် သတိမူနိုင်ရင် ဖြင့်
မျက်ရည်တွေဖုံးရာက
အပြုံးတွေ ဖလှယ်နိုင်တော့မှာပါ။
အကြည်
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 252 266 395 [Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo