...ဖခင်များအတွက်...

ဆာလံ ၁၂၈

ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းခရီးတော်သို့လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။


ယုံကြည်သူဖခင်တစ်ယောက်၏ အရေးကြီး​ဆုံး

အချက်မှာ ဘုရားကို​ကြောက်ရွံ့ခြင်းဖြစ်ပါတယ်။

မိသားစု စားဝတ်နေရေးအတွက်ရှာဖွေ လုံးပန်း

ရတဲ့အခါ သားသမီးမျက်နှာ ဇနီးမယားမျက်နှာ 

မညှိုးရ လေအောင် ရှာဖွေရင်း မသိမသာနဲ့

 ဒုစရိုက်လမ်း ရောက်မိေနတတ်ပါတယ်။ 

အရေးကြီးတာက တောင် ဘုရားရဲ့လမ်းခရီးထဲမှာ အသက်ရှင်ဖို့ ဖြစ်တယ်။

နောက်တချက် ဘုရားကောင်းကြီးပေးလို့အလုပ်အကိုင်လေးအဆင်ပြေလာတဲ့အခါ လက်ထဲ ငွေရွှင်ပါတယ်။ ဒီအခါ သောက်စား မူးယစ်တာ အပေါင်းအသင်းက မြှောက်တာကြောင့် လမ်းမှား မရောက်ဖို့ ဖခင်တွေ အထူးသတိပြုဖို့ လိုအပ်တယ်။

ဆာလံကျမ်း  ၁၂၈:၂

ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ရသောအစာကို စားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစားရလိမ့်မည်။


ရိုးသားဖြောင့်မတ်ရင် သမ္မာသမတ်ကျကျအသက်ရှင်ရင် ဘာရမှာ မို့လို့လဲလို့ မေးနိုင်ပါတယ်။


ဖခင်ဖြစ်သူက ဖြောင့်မတ်ခြင်းလမ်းမှာ အသက်ရှင်ရင်ဖြောင့်မတ်ခြင်းရဲ့အကျိုးကို ခံစားရလိမ့်မယ်။ကိုယ်ပင်ပန်း ပေးဆပ်ခြင်းရဲ့ အသီးအပွင့်ကိုခံစားရမယ်လို့ ဘုရားကကတိတော်ပေးထားခဲ့တယ်။

ဆာလံကျမ်း  ၁၂၈:၃

သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊ သားသမီးတို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသောသံလွင်ပင်များကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။

ခင်ပွန်းသည်က ဘုရားရဲ့နည်းလမ်းနဲ့ အသက်ရှင်တဲ့အခါ၊ ဇနီးသည်မှာ ပွားများခြင်း ကောင်းကြီး မင်္ဂလာ ဖြစ်လာပါတယ်။ ဇနီးသည်ဟာ ကိုယ့်အတွက် စပျစ်နွယ်ပင်လို မခွဲခွာပဲ အမြဲ ညိတွယ်

နေပါလိမ့်မယ်။ အချစ်နဲ့ဆွဲထားတာလည်းမဟုတ်သလို ငွေကြေးနဲ့ဆွဲထားတာလည်းမဟုတ်ဘူး။

ဖြောင့်မတ်ခြင်းအသက်တာနဲ့ ဆွဲဆောင်ထားတာ ဖြစ်ပါတယ်။ အာမင် 


ခင်ပွန်းသည်က ဘုရားရဲ့နည်းလမ်းနဲ့ အသက်

ရှင်တဲ့အခါ သားသမီးတွေကိုပါ ကောင်းကြီး

သွားဖြစ်ပါတယ်။ ကိုယ်က ပုံသက်သေနဲ့ အသက်ရှင်တဲ့အခါ သားသမီးတွေက ကိုယ့်အနားမှာ ကိုယ့်သွန်သင်ခြင်းနားထောင်ဖို့ အသင့်ရှိနေပါလိမ့် မယ်။ သားသမီးကို ပညာသင်​ပေး ကျွေးမွေးပေးရုံမက ပုံသက်သေပါ ပေးဖို့လိုပါတယ်။ 


ဆာလံကျမ်း  ၁၂၈:၆

မိမိသားသမီးတို့၌ ဖွားမြင်သောသားသမီးတို့ကိုလည်း မြင်ရလိမ့်မည်။ အသက်ကြီးစဉ် ကောင်းသောအရာနဲ့ ဘုရားက

ရောင့်ရဲစေမယ်လို့ပြောပါတယ်။ 


ကိုယ့်ရဲ့ မြေးလေးတွေကို မြင်တွေ့ခွင့်ရတာ ချီပွေ့ခွင့်ရတာလောက် ကောင်းမွန်တဲ့အရာ မရှိပါ။ အသက်အရွယ်အိုးမင်းစဉ်မှာပင် အိမ်ရဲ့ ဆည်းလည်း လေးတွေနဲ့ ဘုရားက ဖခင်တွေကို ကောင်းကြီး ပေးချင်တာ ဖြစ်ပါတယ်။


ထိုကောင်းကြီး မင်္ဂလာ များရဲ့ အရင်းအမြစ်ဟာ

ဘုရားကိုကြောက်ရွံ့ခြင်း၊ ဘုရားနည်းလမ်းအတိုင်း အသက်ရှင်ခြင်းရဲ့ အကျိုးများ ဖြစ်ကြောင်း ဖခင်များကို အထူး ခွန်အားပေးတိုက်တွန်းလိုက်ပါတယ်။


ဖခင်များကို ဘုရားသခင် ကောင်းကြီးပေးပါစေ။


Saw Winner

(ကလောင်ရှင် Saw Winnerသည် ဓမ္မရေးရာစာစုများ မြောက်များစွာရေးသားနေသည့် စာရေးသူတဦးဖြစ်သည်)