အချိန်တန်သောအခါ

တစ်နေ့ သောအခါ ဧည့်သည်သုံးယောက် အာဗြံအိမ်ကိုရောက်လာတယ်။အိမ်ရှင်ဖြစ်သူအာဗြံ က အတင်း ဧည့်၀တ်ကိုပြုပါတယ်။


 ဧည့်သည်သုံးဦးလည်း ငြင်း၍မရတော့

အိမ်ရှင်ဧည့်၀တ်ပြု သမျှကို စားသောက်ပြီးနောက်

စကားပြောကြခဲ့ကြတယ်။


 သင့်ရဲ့ ဇနီး သည် ဖွားချိန် စေ့သောအခါငါဆက်ဆက်

ပြန်လာမည်  လို့တစ်ဦးက ​ပြောလိုက်တယ်။


မယားဖြစ် သူစာရာ  ကြားတော့ တဲအတွင်းကနေ

ရယျခဲ့တာ ပေါ့။ 


အသက်ကြီးနေပြီး  သွေးဆုံးနေတဲ့ အမျိုးသမီးက

ဘယ်လို ကိုယ်၀န်ဆောင်မှာ လဲ  ဆိုတဲ့အတွေးနဲ့ပေါ့။


စာရာ က သူတို့ အခြေအနေနဲ့ သားမရနိုင်ဘူးလို့ထင်မြင် ယူဆခဲ့တဲ့အတွက် သူရဲ့ ကျွန်မ ဟာဂရ  နဲ့ ခင်ပွန်းဖြစ်သူ အာဗြံ ကိုအိပ်စေခဲ့တယ်။သူမအတွေးအတိုင်းလုပ်ခဲ့တယ်။ 


အဲ့ဒီက စပြီး ဟာဂရ  ဆိုတဲ့  ကျွန်မ က

သူ့သခင်မ စာရာ ကို  အာခံ(ပုန်ကန်) ခဲ့တယ်။

သခင်မ က သားမရနိုင်ဘူး

သူက သား ရတယ်ဆိုပြီး  မာန်မာန တက်လာခဲ့ တာပေါ့။ 


တကယ်တော့ ဘုရားသခင် က သူအချိန်နဲ့သူ အလုပ်လုပ်တာ

လူ့အချိန်နဲ့မဟုတ်ဘူးဆိုတာ လုံးဝသေချာတယ်။ 


စာရာဟာ ဘုရားဂတိတော် ကိုယုံပေမယ့်လည်း

ဘုရားလုပ်ပေးမယ့် အချိန်ကိုမစောင့်နိုင်ခဲ့ဘူး။

သူ့နည်းသူဟန်နဲ့သူ မလုပ်ယူခဲ့တယ်။


တကယ်ဘဲ အချိန်တန်တော့ သားယောကျ်ားကိုဖွားခဲ့တယ်။ ထာ၀ရဘုရားက အာဗြံကို အမွေခံ သားရမယ်လို့

အရင်ကတည်းကပြောထားပြီးသားမဟုတ်လား။


ဒါကြောင့် ဣရှမေလနဲ့  ဣဇက်အမျိုး ဒီနေ့ထိ

ပြသနာတက်လျက်ရှိ နေဆဲပါ။ 


မိတ်ဆွေ  သင်သည်ဘုရားသခင်ရဲ့ ဂတိတော် ကိုယုံကြည်လျင်ဘုရား လုပ်ပေးမယ့်အချိန်ကို စောင့်ပါ။


မည်သို့သော အကြောင်း အရာ ဘဲဖြစ်ပါေစ

ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်မယူပါနဲ့

လုပ်ပေးမယ့် အချိန်ကို စောင့်ပါ။


သင် ရော ဘုရားဂတိတော်ကိုကြားပြီး

ရယ်နေသလား ။ပြုံးရယ်ခဲ့ဘူးပါသလား။

မဖြစ်နိုင်ဟုထင်မြင်ဘူးပါသလား။ 


ဘုရားသခင်သည်ဂတိတော်အရာမှာနှေးတော်မမူသကဲ့သို့

သင်သည်လည်းရာရာမှာ လောသောသူ မဖြစ်ပါစေနှင့်။


နေတစ်စင်း(အင်းရဲကျွန်း)

(စာရေးသူ နေတစ်စင်း(အင်းရဲကျွန်း)သည် ကဗျာ၊ ဓမ္မရေးရာစာစု၊ အတွေးအမြင်စာစုနှင့် ဝတ္ထုများ မြောက်များစွာရေးသားနေသည့်ကလောင်ရှင်တဦး ဖြစ်သည်)