..သူ..
သေရည်ကို ပေတေစွာ
တပ်မက်ရာမှာတော့
အသောက်ပျက်ရင်
အသက်ပျောက်မယ့် အတိုင်းပဲ
ဒါပေမယ့်.. .
သူ့အင်ပါယာ မှာ သူဟာ တကယ့် ဧက္ကရာဇ်ဗျ...
အရက်သမားသား
အရက်သမားပဲဖြစ်မယ်...ဆိုတဲ့
အများက ကဲ့ရဲ့တဲ့အသံ
သူမခံချင်ခဲ့တာ အမှန်ပဲ...
မေတ္တာကြွယ်သော နှလုံးနဲ့
ကြမ်းတမ်းတဲ့ လက်ကိုသုံးပြီး
သူ့မျိုးဆက်တွေကို ပုံသွင်းခဲ့တယ်...
ကောင်လေးတွေက မကြည်ဖြူ
ငြူစူကြပေမယ့် သူမမှုဘူးတဲ့လေ..
ငါ့စေတနာ တစ်နေ့နားလည် မှာပါ...
ဒီစကားလုံး သူအမြဲသုံးခဲ့တယ်...
ဘော်ဒါ တွေကပြောကြတယ်
မင်းဘိုးတော်က လက်ဝါး ကောင်းသလို
စိတ်ထားလည်းကောင်းပါ တယ်တဲ့...
အပြောခပ်ကြမ်းကြမ်းမှာ
စေတနာ လွမ်းထားတာ
ကောင်လေးတွေလည်း သိခဲ့ကြပြီ..
ဘိုးဘေး အဆက်ဆက်
သူ့တသက် ကိုးကွယ်ရာကို
သားတွေက စွန့်ပယ်ပြီး..
ခရစ်တော်နောက်လိုက်သွားတာကို
မတားဆီးခဲ့သူပေါ့...
အများက အံသြမဆုံးပေမယ့်
သူကတော့ အပြုံး မပျက်ဘဲ
ပီတိတောင်ဖျာလို့ ဂုဏ်ယူနေတတ်ခဲ့သူ..
အဲဒါ ...
ကျွန်တော်တို့ ချစ်သော ကျွန်တော်တို့ အဖေပါ...။ ။
နေမျိုး(မချမ်းမြေ)
(ကလောင်ရှင် နေမျိုး(မချမ်းမြေ)သည် ဓမ္မရေးရာ စာစုများ၊ ကဗျာများ မြောက်များစွာ ရေးသားနေသူ တဦးဖြစ်သည်)
Website - https://www.devoshipjournal.tk
Telegram - https://t.me/devoshipjournal , https://t.me/malak_devo