တစ်ညလုံး ရုန်း
တစ်ဘဝလုံး ဂျုံးဂျုံးကျတဲ့အထိ
ဖမ်းကိုင်မိတဲ့ ဓမ္မအားကို မလွတ်စတမ်းဆုပ်ကိုင်ရင်း
မျှော်လင့်ခြင်းကြိုးနဲ့ အတ္တကိုစွန်လွှတ်သူအဖို့တော့
လှည့်စားလွန်းတဲ့ မှော်ပင်လယ်ဟာ
ဟာသပြဇာတ်ရဲ့ စင်မြင့်တစ်ခုပေါ့
တကယ်တမ်းတော့
ရောင်နီမိုးသောက် ကမ်းခြေအရောက်
သတ္တိတွေကို သတိနဲ့ဓါတ်မှန်ရိုက်ကြည့်တော့
အရိုးသာကျန်တဲ့ တရားမျှတမှုကို
နောင်တမပါဘဲ ပွေ့ဖက်နေသူအတွက်
အရိုးစွတ်ပြုပ်က အားရှိပါတယ်။
မရဏာသာ
(ကလောင်ရှင် မရဏာသာသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)