ဒါက ဒီလိုရှိတယ် အဖေရေ

အသက်ရှူဖို့

မရှိမဖြစ် လေ...

တစ်ပုံတစ်ခေါင်း ရ ထားတော့

သူ့အကြောင်း

တခုပ်တရ စာမဖွဲ့ဖြစ်ဘူး။


ဒီလိုပဲ

အဖေရေ....


တန်ဖိုးကြီးပေမဲ့

လိုအပ်တာထက်ပိုအောင်

ရနေတာကြောင့်

အဖေ့မေတ္တာနဲ့အထောက်အပံ့ကို 

စာဖွဲ့ဖို့ သိပ်မစဉ်းစားဖြစ်ခဲ့ဘူး။


မောင်မျိုး

(ကလောင်ရှင် မောင်မျိုးသည် ကဗျာများ မြောက်များစွာ ရေးသားနေသူ တဦးဖြစ်သည်)