ငယ်စဉ်ကတည်းက နွေးထွေးမှုတွေ
မပေးအားပေမဲ့လည်း
ချစ်ခဲ့ပါတယ်
သူငါအများလို
ချိုသာစကားကိုဖြင့် မဆိုအားပေမဲ့လည်း
ချစ်ခဲ့ပါတယ်
ကိုးလလွယ်ဖွား ဆယ်လသားကို
နှလုံးသားနဲ့လွယ်
မွေးခဲ့သူဟာအဖေ
ပညာပေးတရားကို
အဖော်အဖြစ်ပေးဖို့
နေပူထဲကို လျောက်လှမ်းရဲခဲ့တာလဲအဖေ
သားသမီးအပြုံးမပျက်ဖို့ရာ
ချွေးစက်နဲ့ခင်း
လျောက်လှမ်းခြင်းနဲ့ ပေးဆပ်ခဲ့တာအဖေ
ကျေးဇူးတရား နားမလည်လည်း
ခွင့်လွှတ်ခြင်းတွေနဲ့
နားလည်ပေးခဲ့တာအဖေ
ဤသို့ကြီးမား အဖေကျေးဇူးအားပြန်ပေးဖို့လေ
သင်ဘာများလုပ်ခဲ့ပြီးလဲချစ်ဆွေ
နောက်မကျခင်လေး
အမြန်ပြေးလို့
အဖေ့အတွက် ထီးကလေးတစ်လက်ဖြစ်စေပါ
အဖေ့အတွက်
မေတ္တာပန်းကလေးချွေပေး
အဖေ့ရင်ကို နွေးစေပါလား မိတ်ဆွေ ။
မာန်လေးနွယ်
(စာရေးသူ မာန်လေးနွယ်သည် ကဗျာများ၊ ဆက်အေးများ၊ ဓမ္မရေးရာစာစုများနှင့် ကလေးပုံပြင်မြောက်များစွာ ရေးသားနေသူဖြစ်သည့်အပြင် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာမ တဦးလည်းဖြစ်သည်)
Website - https://www.devoshipjournal.tk
Telegram - https://t.me/devoshipjournal , https://t.me/malak_devo