ကျွန်တော့်မှာ

အနစ်နာခံမှုတွေနဲ့ တည်ဆောက်

ပေးဆပ်မှုတွေနဲ့ ကာရံ

စွန့်လွှတ်ခြင်းတွေနဲ့ လွမ်းခြုံ

မှန်းဆခြင်းတွေနဲ့ ပြင်ဆင်

စိတ်နှလုံးနဲ့ ဖန်တီး

ချစ်ခြင်းနဲ့ နွေးထွေးမှုတွေထည့်

အသက်နဲ့ရင်းပြီး ဖောက်လုပ်ထားတဲ့

အဖေရဲ့လမ်းတွေအပေါ် ကျွန်တော်တို့လျှောက်လှမ်းနေချိန် 

ဘာလို့ကြည့်မနေတာလဲ. . .

အဖေ ဖန်တီးပေးတဲ့ စာအုပ်နဲ့ဘောပင်ဟာ

ကျွန်တော် ဖွဲ့နွဲ့မဲ့ ကဗျာ 

သီကုံးမဲ့ အလင်္ကာ

ရေးဖွဲ့မဲ့ သီချင်း 

မှတ်တမ်းတင်မဲ့ သမိုင်း

တွေးခေါ်မဲ့ အကြောင်းအရာ

တသသပြောနေမဲ့ 

ချစ်ခြင်းတွေရဲ့ အရင်းခံ မရှိမဖြစ် လိုအပ်သလို 

အဖေဟာလဲ ကျွန်တော့် ဘဝမှာ . . . ။


Lian Sian Thang

(ကလောင်ရှင် Lian Sian Thangသည် ဓမ္မရေးရာစာစုများ ကဗျာများ မြောက်များစွာ ရေးသားနေသူ တဦးဖြစ်သည်)


Website - https://www.devoshipjournal.tk

Telegram - https://t.me/devoshipjournal , https://t.me/malak_devo