မှားနေရတဲ့ ဘဝ

အပြစ်တင်ဝေဖန်မှုရဲ့ လက်ညှိုးတွေကြား

ယိုင်လုဆဲဆဲ အသက်တာကို ဆင်ခြင်ရင်း

တလွဲတွေလုပ်မိပြန်ပြီ

အားမလို အားမရဖြစ်နေတဲ့ ဘဝထဲ

နောင်တနဲ့ ဝေဒနာကလွဲလို့ ပိုင်ဆိုင်တာ ဘာမှမရှိဘူး

အတွေးတွေကို အပေါင်းဖက်ဖြည့်တွေးလည်း

အနှုတ်လက္ခဏာတပ်ကြတဲ့ လူများတော့

ကိုယ့်ကိုကိုယ်တောင် လမ်းတွေပျောက်လို့

ဪ.. မျှော်လင့်ချက်

ခပ်နဲ့နဲ့ ယုံကြည်မိတဲ့ခြေလှမ်းတွေနဲ့လှမ်း

နေမသာတဲ့ နေ့တွေထဲ

နေတတ်သလို နေကြည့်မိရင်း

လဲနေတဲ့ ဘဝတွေနောက်

မှားနေတဲ့ဘဝတွေကို

ပြင်ဖို့လဲ မကြိုးစား

ကြိုးစားလို့လဲမရတော့ပြီ... ။


LRထား

(စာရေးသူ L.R.ထားသည် ရသမြောက်သည့် ကဗျာနှင့် အက်ဆေး စာစုများ ရေးသားနေသည့် လူငယ်စာရေးဆရာမတဦး ဖြစ်သည်)


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo