တဲကလေး
အို……တဲကလေး။
ထိုတဲနန်းလေးလေးသည် ယာယီမဟုတ်။
တခါးမရှိ …ဓါးမရှိ …
အမိုးမှလွဲ၍… အကာအရံမရှိ။
ဟာလာဟင်းလင်းပေမယ့် နေပျော်လိမ့်မည်။
စိတ်ချမ်းသာမည်………။
စိတ်ကြည်နူးမည်………။
လူဆိုးတို့ရန်ကိုလည်း…ကြောက်လန့်စရာမလို။
သူခိုးတို့ရန်ကိုလည်း …ကြောက်လန့်စရာမလို။
လုံခြုံမှုအတိ………။
မုန်တိုင်းတို့ရန်ကိုလည်း စိုးရိမ်စရာမလို။
ကျောက်ပေါ်တည်၍……
ခိုင်ခံ၏……။
သောကဟူ၍မရှိ…။
ဒုက္ခဟူ၍မရှိ…။
ပူပင်ကြောင့်ကျစရာအလျင်းမရှိ။
အလွန်ငြိမ်းချမ်း၏……။
စိတ်၏ငြိမ်သက်ခြင်းကို …
ပြည့်ပြည့်ဝဝပေးစွမ်းနိုင်၏………။
သခင်ကတော့ အရံသင့် တဲထိုးပေးထားပြီးပြီ။
နေမည်ဆိုပါက…
လူတိုင်းအား…သူနေခွင့်ပေးမည်။
လူတိုင်းအား… သူမုဒိတာပွားမည်။
သူကိုယ်တိုင်လည်း …ကျေနပ်လို့မဆုံး
တပြုံးပြုံးပင်…..။ ။
ခက်ရင်း
(ကလောင်ရှင် ခက်ရင်းသည် ကဗျာများ မြောက်များစွာရေးသားနေသူတဦးဖြစ်သည်)
Website - https://www.devoshipjournal.tk
Telegram - https://t.me/devoshipjournal , https://t.me/malak_devo