ဪ....ဖေဖေရယ်

နဖူးကချွေး ‌ခြေမထိကျလည်း

အပြုံးမပျက်ဘဲ သူရှေ့ဆက်ခဲ့တယ်

မိသားစု အရေးသာ အဓိကမို့တဲ့

ဪ.....ဖေဖေရယ်....


စားမှုနေရေး ဘယ်အရေးမှ

မလစ်ဟင်းလေအောင်

သူကြံဆောင်လို့ မိသားစုကို လုံခြုံစေခဲ့တယ်

ဪ.....ဖေဖေရယ်.....


သားသမီးဆိုးလည်း

ကြိုးစားသွန်သင် လမ်းပြပေးဖို့

သူဦးစားပေးခဲ့တယ်

ဪ.....ဖေဖေရယ်.....


ဇနီးမယား သားသမီးကို

အရာရာမှာ လုံခြုံစေတဲ့သူဟာ

လူသားထဲမှာ တစ်ယောက်သောသူဖြစ်တဲ့

ဖေဖေပါပဲ.......ဖေဖေရယ်.......။ ။


ကိုရဲ(အောင်လံ)

(ကလောင်ရှင် ကိုရဲ(အောင်လံ)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)

Website - https://www.devoshipjournal.tk

Telegram - https://t.me/devoshipjournal , https://t.me/malak_devo