ကျွတ်တန်းမဝင်တဲ့ မြို့

စုတ်ပျက်နေတဲ့

အကြွင်းအကျန်ပေါင်းများ

အုတ်ရိုးကို ထောင်းထုခဲ့ကြ


မြို့ပြဟာ

သုဿာန်ပြင်တစ


ကျီးတွေ

ကျီးလန့်စာစား

ကျီးတွေ

ကျီးကန်းတောင်းမှောက်

ကျီး ကျီးများ

ရွှေကျီး စသဖြင့် ကျီးအများ


တံပိုးမှုတ်သံမကြားခင်

မြို့ရိုးကို ဖြိုဖျက်ကြ


ထိုမှတစ်ပါး

သောဒုံ ဂေါမောရ

သိက္ခာ ရှိနေသေးပါ့လား?


ငါတို့စတေးတဲ့ မြို့ဟာ

သိက္ခာ  သမာဓိမဲ့နေခဲ့ရ


မီးနဲ့ဆေးလည်း

လူလိုမသိတဲ့ မြို့အတွက်

ငါဟာ ....... ဆားတိုင်ဖြစ်နေခဲ့ရ။       ။


ခန့်သစ်ရင်

(ကလောင်ရှင် ခန့်သစ်ရင်သည် ကဗျာများ၊ ဝတ္ထုများ မြောက်များစွာ ရေးသားနေသည့် စာရေးသူတဦးဖြစ်သည်)

Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo