အဖေ

ဒေါ်လာတစ်ထုပ်မဟုတ်ပေမဲ့

ကဗျာတစ်ပုဒ်ပါ

စာတစ်အုပ်ပါ

စပ်ဆိုလို့မကုန်နိုင်သလို

ဖွဲ့ဆိုလို့လည်းမလုံနိုင်ပါဘူး(မကုန်လုံ)

သူ့ရဲ့ကာရံတွေက

ကျနော့ဟန်ပန်တွေကို

ဖွဲ့သီသွန်းဆစ်ပေးခဲ့တာပါ။


ထီးခူ (ကယ်တင်ခြင်းတပ်)

(ကလောင်ရှင် ထီးခူ(ကယ်တင်ခြင်းတပ်)သည် ကဗျာ၊ ဝတ္ထုများ မြောက်များစွာ ရေးသားနေသည့် စာရေးဆရာတဦးဖြစ်သည်)


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo