အဖေဟူ၍ ... ခေါ်ထိုက်ပါသည်တကား

ဇနီးမယား  ကြင်သူဖော်အား

ရွှေဘုံရွှေနန်း ခမ်းနားလှသည့်

ခန်းဆောင်ထည်ဝါ မထားနိုင်ငြား

ချစ်မေတ္တာဖြင့် ကြိုးစားရှာဖွေ

ဂုဏ်တက်စေ၍ စိတ်နှလုံးအား 

ချမ်းမြေ့စေမူ ခင်ပွန်းဖြစ်လျှင်ပင်မူ

ဖခင်သဖွယ် ကိုးစားထိုက်၍

အဖေဟူ၍ ခေါ်ထိုက်ပေစွ


ဆုလာဘ်ရတနာ သားသမီးများအား

အိမ်ရှေ့စံအလား ရောင်ဝါထွန်းသည့်

တန်ဆာများဖြင့် မဆင်မြန်းသည့်တိုင်

ချစ်မေတ္တာဖြင့် ခိုလှုံခွင့်ပေး

ဘေးရန်ဆီးတား အန္တရာယ်အား

တံတိုင်းပမာ ကွယ်ကာပေးမူ

သူရဲသတ္တိ ပြည့်လှသောကြောင့်

ဖခင်သဖွယ် ကိုးစားထိုက်၍

အဖေဟူ၍ ခေါ်ထိုက်ပါသည်တကား.....။


ဗေ (လားရှိုး)

(ကလောင်ရှင် ဗေ (လားရှိုး)သည် ကဗျာများ၊ ဓမ္မရေးရာစာစုများ မြောက်များစွာရေးသားနေသူ တဦးဖြစ်သည်)

Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo