သမ္မာသစ္စာ အဖေ့မေတ္တာ

အဖေ

နှုတ်တော်ထွက်စကားနဲ့

အရာရာကို ဖန်ဆင်း

များပြားခြင်းကိုနှစ်သက်

ကမ္ဘာ​မြေအတွက် လိုအပ်ချက်တွေ

ပြည့်စုံစေတယ်...


အဖေ

သူ့ကို ချစ်စေချင်တယ်

တ​ခြားရင်ခွင်ကိုဝင်ပြီး

အဝေးကြီးကို မသွားစေလိုဘူး

​​ရူးသွပ်မိုက်မဲခြင်းတွေကိုလည်း

သူပဲဖြေရှင်းပေးတယ်....


အဖေ

လိုလေသေးမရှိတဲ့ဘဝ

ပိုင်ဆိုင်ရဖို့အတွက်

အရာရာထက်ပိုလို့

အခက်အခဲဖြစ်နေပါစေ

သူ မစ ပေးချင်တယ်....


အဖေ

အဝေးရောက်နေခဲ့ရင်

ပြန်လာချင်တဲ့ အခါ

အိမ်ဝမှာမျှော်နေရှာတယ်

လာရာလမ်းကိုအမြဲ

စောင့်လို့ကြိုနေဆဲ...


အဖေ

နောက်ချေးပုံဘဝရောက်နေရင်တောင်

ဘုရင်ဖြစ်အောင်လုပ်ပေးချင်တာ

အဖေရဲ့ အချစ် 

အဖေ့ရဲ့ မေတ္တာ

အဖေရဲ့ သစ္စာကြောင့်

တောင့်တတဲ့ဘဝ ရောက်ခဲ့ရပြီ

ကျေးဇူးတင်သည် အဖေ...။


SPP

Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo

(ကလောင်ရှင် SPPသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် စာရေးသူတဦးဖြစ်သည်)


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo