အိမ်

ခေါင်ကမလုံ...တံစက်မြိတ်ကလန်

ထရံထောင်လည်း ရွဲနေပြီ


နေခြည်ထိုးလို့ တိုးလျှိုးပေါက်ကျ

ထောက်တိုင်များကယိုင်နဲ့

အိမ်တိုင်ခြစား ကျားကန်ထားပေမယ့်

ထိုင်တဲ့နေရာ အပေါက်ဖာလည်း

ပေါက်ပြဲမှုက နေရာတကာ

ဘယ်မှာများ ကောင်းနိုင်မလဲ


ကောင်းဖို့ရည်ရွယ် စိတ်ထက်သန်လည်း ကောင်းအောင်ပြင်ဖို့ ကျိုးစားလို့ရုန်း

အားသုံးလုပ်နေပေမယ့်

ကန့်လန့်ခံနေတဲ့ စိတ်တွေနဲ့

တော့

အိမ်သစ်ဖြစ်ဖို့ မလွယ်ပြီ....


အဟောင်းကိုဖျက်

အသစ်စက်စက်

အိမ်တစ်လုံးအတွက်တော့

ရင်းနှီးရတာများပေမယ့်

ရာသီဒဏ်ထဲ ကြာရှည်ခံလို့

လုံခြုံဖို့ဆို ပျက်နေတာကို

ပြင်လို့မရတော့ ဖျက်ရမှာပေါ့ 


နောင်လာသားသမီး အေးချမ်းပြီး

လမ်းခရီးဖြောင့်ဖို့

အိမ်သစ်ဆောက်လို့ 

ကောင်းစေမည်....။


SPP

(ကလောင်ရှင် SPPသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် စာရေးသူတဦးဖြစ်သည်)