မျက်ဝန်း

အမိဝမ်းမှ ထွက်လာစက

လောကကြီးထဲ ရောက်ခဲ့ဘဝ

မျက်ဝန်းအစုံက မျက်ရည်များနဲ့....


အရွယ်ငယ်သေး လမ်းလျှောက်သင်ပေး

ချော်လဲချိန်ဆို နာကျင်ခံစား ငိုရဖူးတယ်


ပျိုမြစ်ခြင်းနောက် အရွယ်ရောက်လည်း

အတ္တမှောက်ပြီး ငိုငြီးမိတယ်


အရွယ်အိုလည်း ဒုက္ခထဲဝယ်

ကျင်လည်ခံစား ငိုခြင်းတရားနဲ့


သေချိန်ရောက်ငြားမသွားချင်လည်း

ရောက်မြဲနေရာ ငိုရရှာသည်


ငိုခြင်းလွတ်ရာ မြေကမ္ဘာဆီ

ရှာမတွေ့မီ သည်မှာဟိုမှာ

ငိုပြီးရှာလည်း မြေပေါ်ငိုချင်း

လွတ်ကင်းချမ်းသာ

ထာဝရစံရာ သုခဘုံအား

တစ်ပါးသခင် ယေရှုရှင်ကို

ယုံသူမှသာ လွတ်လမ်းကိုတွေ့

မျက်စေ့ထဲက မျက်ရည်ရှိသမျှ

သူသုတ်ပေးလိမ့်မည်....။


SPP

(ကလောင်ရှင် SPPသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)