ချစ်သား

သခင်...

မျှော်လင့်ခြင်းနဲ့ စခရီးထွက်ခဲ့

အနားမှာ လမ်းပြလို့ မစကူညီ

အသက်ရှုနေတဲ့ သူတွေကြား

ဘဝတူတွေထဲမှာ မျက်နှာရခဲ့ပြီ


သခင်...

အသက်ရှင်သန်ခြင်းတွေထဲ

လဲလိုက် ပြန်ထလိုက်ပဲ

ဘဝက စည်းစိမ်အပြည့်နဲ့

သူအမြဲဖေးမပေးခဲ့တယ်...


သခင်....

ငြီးငွေ့လာတယ် စိတ်ထဲကလွတ်လပ်ခြင်းအတ္တနဲ့ 

ခရီးသွားဖို့တောင်းဆိုမိတယ် 

ထွက်သွားခွင့်ပေးပါ...


သခင်...

​တစ်ခါတလေ အဝေးကိုထွက်သွားတာ

မချစ်လို့တော့ မဟုတ်ခဲ့ဘူး

မနှစ်မြို့လို့ အပြစ်ဖို့တယ်ထင်ပြီး

စိတ်ကြီးဝင်လာလို့ ​ပြေးထွက်ခဲ့မိတာပါ


သခင်...

နာနာကျင်ကျင် ခံစားရချိန်ဆို

ငိုငိုပြီးထွေးဖက်မယ့်သူမရှိဘူး

အရူးတစ်ယောက်လိုဖြစ်ခဲ့ချိန်ဆို

ပိုလို့တောင်သတိယမိတယ်...


သခင်...

ပြန်လာရင် အစေခံတစ်ယောက်လို

မဖောက်မဖျက် သစ္စာစောင့်တဲ့

ငယ်သားကောင်းပဲဖြစ်ပါရစေ

သားတစ်ယောက်လို့မတွေးပါနဲ့


သခင်...

အဝေးကမှုန်ပြပြမြင်ရတာတောင်

ကောင်းကောင်းမှတ်မိတယ်

ငေးကြည့်လို့ ထွေးပွေ့တဲ့အထိပဲ

ရင်ထဲမှာဆို့နစ်ကြေကွဲမျက်ရည်တွေနဲ့


မှားမိပါတယ်သခင်

ပြန်လာချင်သူအတွက်

အမြဲစောင့်ကြိုနေတာ

သိလိုက်ရတော့ 

ပိုပြီးတိုးလို့ရိုကျိုးမိတယ်

အနားတိုးပြီးပြောမိတယ်

ခွင့်လွှတ်ပါသခင်....။


SPP

(ကလောင်ရှင် SPPသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)