ကျူပင်ကြီးကိုရှင်းပြီး စိုက်တဲ့ပန်းခင်း

​အာဏာရှင်စနစ်ကြီး ပြိုလဲသွားမယ် 

​နောင်တစ်ခါ ပန်း​တွေ ပွင့်ရင်

ဒီမိုက​ရေစီအာဏာရှင်လည်း မရှိ​ရဘူး

​မနက်ခင်း​​ရောင်နီ​​တော့ လင်းပြီး

အချိန်တန်ရင်ညပြန်​ရောက်တတ်တဲ့ လမ်းလည်း 

​ဒီတစ်ခါ ပန်း​တွေ ပွင့်ရင်  

အ​လင်း​က အ​မှောင်ကိုနာလန်မထူနိုင်​​တော့​အောင်  ရိုက်ချက်ပြင်းပြင်းနဲ့ ချိုးရိုက်ရမယ် 


ဒီတစ်ခါ ပန်း​တွေပွင့်ရင်​

​ငါတို့အားလုံး ငါတို့ချစ်တဲ့အရာ​တွေနဲ့တစ်သားတည်းဖြစ်ရမယ်

ရှင်သန်ရတာ ​ပျော်ရွှင်ရမယ်​ပေါ့


ဒီတစ်ခါ ပန်း​တွေပွင့်ဖို့ 

ပန်းစေ့စပျိုးရာကအစ  

မိစ္ဆာစိတ်​တွေ  နည်းနည်းမှ ပါခွင့်မပြုရဘူး 


ဒီတစ်ခါ ပန်း​တွေ ပွင့်ရင်  

ငါတို့ အားလုံး စစ်မှန်​သောလွတ်​မြောက်ခြင်းနဲ့လွတ်​​မြောက်ရမယ် ။  ​  


ဆလိုင်းနံရံ 

(စာရေးသူ ဆလိုင်းနံရံသည် ကဗျာ၊ အက်ဆေး၊ ဝတ္ထုနှင့် ပန်းချီကားချပ်များမြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး၊ အနုပညာရှင်တဦး ဖြစ်သည်)