ထွီ

ကရင်လို"ထွီ" ကချင်လို"ဂွီ"

မနက်လည်း​ဟောင်

ညလည်း​ဟောင်

သခင်မသိ ပလ္လင်တက်​ခွေသည့် ခွေးပါးဝသည့်​ကောင်.. ထွီ


ပလာတာဝါး ဒံ​ပေါက်စား

ပ​ထွေး​ပြေးကပ်

အမြီး​လေးတနံ့နံ့နဲ့

ပေါက်စီစားပြီး ခွေးပါးဝတဲ့​ကောင် ... ထွီ


ပုံပုကွကွ ဘုကျကျ

ကျေးဇူးမသိ

ကျေးစွပ်ကန်းသည့်

မတရားထိပ်​ခေါင်  ခွေးပါးဝတဲ့​ကောင် ... ထွီ


ပြော​တော့တရား လုပ်ပုံကားယား

မ​နောပုပ်ယုတ်

မဟုတ်တာအကုန်လုပ်တဲ့

ခွေးရူးတို့​ခေါင် အဆံ​ချောင် ခွေးပါးဝတဲ့​ကောင်.... ထွီ


တရားမသိ ဘုရားမရှိ

ခွေးနှင့်ယှဥ်​တောင်

ခွေးဂုဏ်ညှိုး​ပြောင်

ယုတ်တကာ့လူ့​ဘောင် ခွေးပါးဝတဲ့​ကောင်.... ထွီ ။


မရဏာသာ

(ကလောင်ရှင် မရဏာသာသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)