ဆယ်လီမကြီး ယေဇဗေလ

အို.... ဆယ်လီမ ယေဇဗေလ

နာမည်မကောင်း မိန်းမဆိုးနဲ့ ကျော်ကြားသူ ယေဇဗေလ။


ယောကျ်ားလည်ပင်း ဂုတ်ခွစီး 

ကိုယ့်နေရာကိုယ်မသိ 

မိန်းမယုတ်ကြီး ယေဇဗေလ။ 


ဘုရားရှင်ရဲ့ အဆွေပုရောဖက်ကို

ရက်ရက်စက်စက် သတ်လေသူ 

နတ်ဆိုးမကြီး ယေဇဗေလ။ 


မကောင်းအတွေး ညစ်ညမ်းပြုမူ

တပါးအသက် သတ်ဝံ့လေသူ

ရွံရှာဖွယ်သော ယေဇဗေလ။


မကောင်းစကား ရေလိုရွတ်ကာ

ဝမ်းမနည်းသူ

ပေါက်လွတ်ပဲစား ယေဇဗေလ။ 


ခုခေတ်ချိန်ခါ 

အများ သမီးပျိုရွယ်

ခေတ်ရဲ့အသွင် စီးမျောရင်းကာ

ပြောလုပ်စကား

ထပ်တူမကျ ယိုယွင်းတဲ့ခါ 

ဖန်ဆင်းထားတဲ့ ပင်ကိုယ်အလှ

သရော်စရာများ ဖြစ်ကုန်ပြီလေ... ဖြစ်ပြီလေ။


ခေတ်သစ်ပျိုမေ

သွေးချင်း ညီအစ်မများလည်း 

ကိုယ်ရည်သွေး ဆန်းစစ်ပါလေ။


မည်သူပျိုမယ်

ယေဇဗေလဟူ၍

ခေါ်တွင်လိုနည်း။


ကျဲရ်

(စာရေးသူ ကျဲရ်သည် ကဗျာ၊ အက်ဆေး၊ ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာမတဦး ဖြစ်သည်)