ကျွန်ုပ်တို့လူသားအားလုံးက သေမျိုးပါပဲ
အချို့လူတွေက ဒီနေ့သေတယ်
အချို့လူတွေက မနေ့က သေတယ်
အချို့လူတွေက နောက်တနေ့ သေရဦးမယ်။
သေခြင်းတရားက အရွယ်မရွေးဘူး
သေခြင်းတရားက အချိန်လည်းမရွေးဘူး
သေခြင်းတရားဆိုတာ လူတိုင်း ရင်ဆိုင်ရဦးမှာဖြစ်တယ်။
ဒါဆိုရင် ဒီခန္ဓာကိုယ်ကြီးက မြေမှုန့်ကလာတဲ့အတွက်
တနေ့ မြေမှုန့်ထဲပြန်သွားရမှာပဲ။
ပိုပြီးသေချာတာက
လူတိုင်းမှာ မသေနိုင်တဲ့ ဝိညာဉ်ရှိတယ်
သေခြင်းရဲ့တမလွန်မှာ
ရွေးချယ်စရာ ငရဲနဲ့ကောင်းကင်ရှိတယ်။
ငရဲကတော့
အပြစ်ရှိတဲ့လူသားအားလုံးသွားရမှာဖြစ်ပြီးတော
ကောင်းကင်နိုင်ငံကတော့
ယေရှုခရစ်ကို ယုံကြည်တဲ့သူအားလုံးသွားရမယ့်နေရာဖြစ်တယ်။
ကောင်းကင်မှာတော့
အိုခြင်း၊ နာခြင်း၊ သေခြင်းမရှိတော့တဲ့
အလွန်ပျော်စရာကောင်းတဲ့နေရာဖြစ်တယ်။
အဲဒီနှစ်နေရာက ဘာကွာခြားလဲဆိုရင်တော့
ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အနေနဲ့
ယုံကြည်လက်ခံမှုရှိခြင်း၊ မရှိခြင်းအပေါ်မှာပဲ မူတည်တယ်။
ဘာသာတရားတိုင်းက
ကျွန်ုပ်တို့ကို ပိုကောင်းအောင်၊ ပိုလိမ်မာအောင်ညွှန်ပြပေးတယ်
ဒါပေမဲ့
ဘာသာတရားက လူအသက်ကို မကယ်တင်ပေးနိုင်ပါဘူး။
လူကို ကယ်တင်နိုင်တဲ့သူက လူကို ဖန်ဆင်းတဲ့ဘုရားပါပဲ ယေရှုက အပြောနဲ့ပဲမဟုတ်ဘဲ
လက်ဝါးကပ်တိုင်မှာ သင်နှင့် ကျွန်ုပ်အတွက်
ကိုယ်စားအသေခံပေးခြင်းဖြင့် ကယ်တင်ပေးခဲ့ပါတယ်။
ပြီးတော့
သင်္ဂြိုလ်ခြင်းခံပြီး ၃ရက်မြောက်နေ့မှာ
ရှင်ပြန်ထမြောက်ခဲ့ပါတယ်။
သခင်ယေရှုက
ဘယ်လူမျိုး ဘယ်ဘာဘာမှခွဲခြားတဲ့ ဘုရားမဟုတ်ဘူး
လူသားတိုင်းကိုချစ်တဲ့ ဘုရားဖြစ်တယ်။
သခင်ယေရှုကို ယုံကြည်တဲ့သူတွေက
ခန္ဓာသေပြီးတဲ့အခါ မသေနိုင်တော့တဲ့
ထာဝရအသက်ကို ရရှိမှာဖြစ်တယ်။
ယေရှုကိုယုံကြည်ဖို့ပဲလိုတယ်
ဒီစာစုကိုဖတ်နေတဲ့ ချစ်မိတ်ဆွေ ...
တခုတော့မေးမယ်
သင်သေသွားရင် သင့်ဝိညာဉ် ဘယ်နေရာသွားမလဲ ...။
ကျဲရ်
(စာရေးသူ ကျဲရ်သည် ကဗျာ၊ အက်ဆေး၊ ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာမတဦး ဖြစ်သည်)