ဘုရားအလုပ်၊ လူအလုပ်

တောင်ဝှေးကိုကိုင်တာ မောရှေ

ပင်လယ်ကို နှစ်ခြမ်းခွဲတာ ဘုရား


ယေရိခေါမြို့ရိုးကိုပတ်တာ ဣသရေလ

မြို့ရိုးပြိုကျစေတာ ဘုရား


လောက်လွဲနဲ့ခဲကိုင်တာ ဒါဝိဒ်

ဂေါလျက်ကို အောင်မြင်စေတာ ဘုရား


ကျောက်ဂူဝကို တွန်းလိမ့်တာ လူ

လာဇရုကို ရှင်စေတာက ဘုရား


ခါးပန်းချည်ခြေနင်းစီးရမှာ ပေတရုအလုပ်

လက်ထိပ်တွေ၊ ထောင်တံခါးတွေဖြည်ရမှာ ဘုရားအလုပ်


အာဏာရှင်ကိုတော်လှန်ရမှာက လူ

အာဏာရှင်ကို ဖြုတ်ချပေးမှာက ဘုရား


ဘုရားမပါပဲ ကိုယ်ဘာမှ မတတ်နိုင်သလို

ကိုယ်မပါပဲ ဘုရား ဘာမှမလုပ်ဘူး

ဘုရားက

မလုပ်နိုင်တာမဟုတ်ဘူးနော် မလုပ်တာ

ကိုယ့်အားဖြင့်ပဲ လုပ်ချင်တာ။


ဘုရားအလုပ်ဘုရားလုပ်သလို

ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပါ။

God Bless You


Saw Winner

(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)