လမ်းပေါ်မှာ
မင်း နဲ့ ငါ အတူတူ
ဆော့ကစားခဲ့ကြတယ်။
တားဆီးချုပ်နှောင်ခြင်းတွေမရှိဘူး။
အဲ့ဒီတုန်းက
ငြင်းခုံကြ အော်ဟစ်ကြ
ဆဲဆိုကြ ငိုကြွေးခဲ့ကြတယ်။
ဒါပေမယ့် အမုန်းတွေမရှိဘူးပေါ့။
လမ်းပေါ်မှာ
မင်း နဲ့ ငါအတူတူ
လွယ်အိတ်လေးကိုယ်စီလွယ်ပြီး
မနက်စာ၊နေ့လည်စာ၊ညစာ
ခွဲခြားသတ်မှတ်ခြင်းမရှိတဲ့
ထမင်းချိုင့်လေးနဲ့
ပညာတွေသင်ယူခဲ့ကြတယ်။
ပြေးလိုက် လွှားလိုက်နဲ့ပေါ့။
လမ်းပေါ်မှာ
မင်း နဲ့ ငါ အတူတူ
လွတ်လပ်ခြင်းအတွက်
ကြွေးကြော်ခဲ့ကြတယ်။
လမ်းဘေးမှာမနေရဖို့လေ
ငါတို့ဘဝတွေ လမ်းပေါ်မှာ
အဆုံးမသတ်ဖို့ ---------။
နေတစ်စင်း (အင်းရဲကျွန်း)
(စာရေးသူ နေတစ်စင်း(အင်းရဲကျွန်း)သည် ကဗျာ၊ ဓမ္မရေးရာစာစု၊ အတွေးအမြင်စာစုနှင့် ဝတ္ထုများ မြောက်များစွာရေးသားနေသည့်ကလောင်ရှင်တဦး ဖြစ်သည်)