ငိုချင်းအဓိဌာန်

ငါငိုနေတယ်။ ဒါပေမဲ့

ငါ့အမြင်တွေ မဝေဝါးသွားဘူး။

ငါငိုနေတယ်။ ဒါပေမဲ့

ငါ့လက်ခြေတွေ မချိနဲ့သွားဘူး။

ငါငိုနေတယ်။ ဒါပေမဲ့

ငါ့ပုဂ္ဂလဓမ္မဓိဌာန်တွေ မစွန်းကွက်သွားဘူး။

ငါငိုနေတယ်။ ဒါပေမဲ့

ငါ့နှလုံးသားလည်း မအေးစက်သွားဘူး။

ငါငိုနေတယ်။ ဒါပေမဲ့

ငါ့ရည်မှန်းချက်တွေ မတွေဝေသွားဘူး။

ငါငိုနေတယ်။ ဒါပေမဲ့

ငါ့ရွေးချယ်မှု မပြောင်းလဲသွားဘူး။

ငါငိုနေတယ်။ ဒါပေမဲ့

ငါ့ရပ်တည်မှု မတုန်လှုပ်သွားဘူး။

ငါငိုနေတယ်။ ဒါပေမဲ့

ငါ့ယုံကြည်ချက် မလျော့ပါးသွားဘူး။


ငါငိုနေတယ်။ ဒါပေမဲ့

ငါရှေ့ဆက်ဖို့ အဆင်သင့်ဘဲ။

ငါငိုနေတယ်။ ဒါပေမဲ့

ငါစွန့်စားဖို့ အဆင်သင့်ဘဲ။

ငါငိုနေတယ်။ ဒါပေမဲ့

ငါရဲရင့်ဖို့ အဆင်သင့်ဘဲ။

ငါငိုနေတယ်။ ဒါပေမဲ့

ငါရင်ဆိုင်ဖို့ အဆင်သင့်ဘဲ။

ငါငိုနေတယ်။ ဒါပေမဲ့

ငါဥဒါန်းကျူးနေတယ်။

ငါငိုနေတယ်။ ဒါပေမဲ့

ငါချီတက်ဖို့ အဆင်သင့်ဘဲ။

ငါငိုနေတယ်။ ဒါပေမဲ့

ငါတိုကိပွဲဝင်ဖို့ အဆင်သင့်ဘဲ။

ငါငိုနေတယ်။ ဒါပေမဲ့

ငါအောင်ပန်းဆင်ဖို့ အဆင်သင့်ဘဲ။


ငါငိုနေတယ်။ ဒါပေမဲ့

ငါမှတ်မိနေမယ်။

ငါငိုနေတယ်။ ဒါပေမဲ့

ငါဂုဏ်ယူတယ်။

ငါငိုနေတယ်။ ဒါပေမဲ့

ငါအလေးပြုတယ်။

ငါငိုနေတယ်။ ဒါပေမဲ့

ငါသည်းခံနိုင်တယ်။

ငါငိုနေတယ်။ ဒါပေမဲ့

ငါအသက်ရှင်နေသေးတယ်။

ငါငိုနေတယ်။ ဒါပေမဲ့

ငါအသက်ရှုနေသေးတယ်။


ငါငိုနေတယ်။ ဒါကြောင့်

ငါတို့နိုင်ရမယ်။


မရဏာသာ

(ဖေဖော်ဝါရီ ၂၀တွင် ကျဆုံးသူရဲကောင်းများကိုဂုဏ်ပြုလျက်)

(ကလောင်ရှင် မရဏာသာသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)