အတ္တ
အနိစ္စ
ဒုက္ခ အနတ္တ
တရားသဘောမှန်းလည်း သိတယ်
ဒီလိုနဲ့ သံသရာခရီးကိုဘဲ
လှမ်းဝင်ရတယ်။
မတည်မြဲခြင်းရဲ့သဘော
အနိစ္စ ရဲ့တဖက်
နိစ္စ
လည်ပတ်ခြင်းရဲ့သဘော
သံသရာရဲ့ တဖက်
နိစ္စထာဝရ
ခိုင်မြဲတည်ကြည်ခြင်းအကြောင်း
သမ္မာတရားက
ညွှန်ပြသော်လည်း
(ငါ)အတ္တမာန်ခဲ တထောင်းထောင်းနဲ့
မျက်ကန်း နွံနစ်နေရှာတယ်။
ဘဝအခက် ဝမ်းရေးတဖက်
သီလမမြဲ ကုသိုလ်ပါးလည်း
ဆောက်တည်ဟန်ပြင် မူမပျက်ပဲ
ပိန္နဲစေးကို ရေဆေးယူသလို
ရေသာကုန်၍ လက်မစင်
ထိုသို့သဘော ဤနည်းပမာ
ကျင့်သာကျင့်၍
အတ္တခန္ဓာ လူဗာလလည်း
နောင်ရေး ရှုံးကြရလေသည်။
မောင်ခဲတံ
(ကလောင်ရှင် မောင်ခဲတံသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦး ဖြစ်သည်)