နွေဦးရယ်...
ငါလေတကယ်ရူးတော့မယ်...
ငါ့ရင်ထဲဆို့နစ်နေတာဟာ
ကြေကွဲတာထက်တောင် ပိုနေပါသေးတယ်...
ရင်ခွင်တစ်ခုလုံး..
အဆုံးမဲ့နာကျင်ခြင်းနဲ့
ခြေမွလိုက်သလို ...
အမုန်းတစ်ခုကို .
အပြုံးတုဖန်းဆင်းပြီး..
အနာဂတ်ခရီးအတွက်
ရှေ့ဆက်ချီတက်မယ်...
နွေအခါ..လေလာရွက်ကြွေ..
မြေခခဲ့လေတဲ့ အာဇာနည်တွေအတွက်..
ငါတို့အသက်တွေ မကြွေသင့်ပဲကြွေခဲ့ကြပြီ...
အနာဂတ်ရဲ့မျိုးဆက်တို့
အရေးတော်ပုံ...အောင်ရမည်...
SPP
(ကလောင်ရှင် SPPသည် ကဗျာများ မြောက်များစွာ ရေးသားသည့် ကလောင်ရှင်တဦးဖြစ်သည်)