တနေ့တော့ လယ်သမားကြီးဟာ ဖျားနာခြင်း ဝေဒနာခံစားရတယ်။ သူ့ကိုယ်သူ သေနိုင်တဲ့ အခြေအနေဆိုတာ သူသိတယ်။ ဒါကြောင့် သူ့သားသုံးယောက်ကို ခေါပြီးတော့ “သားတို့ အဖေမသေခင် သားတို့ကို လျှို့ဝှက်ချက်တချို့ ပြောခဲ့ချင်တယ်။ အဖေတို့ လယ်မြေကြီးအောက်မှာ ဝှက်ထားတဲ့ ရတနာ တချို့ရှိတယ်။ သားတို့ အဲမြေကြီးကို ကြိုးစားပြီးတူးမယ်ဆိုရင် ရတနာတွေကို သေချာပေါက် ရပါလိမ့်မယ်” လို့ ပြောပြီးတာနဲ့ သေဆုံးသွားပါတယ်။
သားသုံးယောက်ဟာ ဖခင်ရဲ့ နောက်ဆုံးဈာပနအစီအစဉ်ကို ဆောင်ရွက်ပေးပါတယ်။ ထို့နောက် တနေ့မှာ ညီအစ်ကို သုံးယောက်ဟာ လယ်ထဲကိုသွားပြီ ဖခင်မှာခဲ့တဲ့ ဝှက်ထားတဲ့ ရတနာတွေကို ရှာဖို့ လယ်ထဲကနေရာအနှံ့ကို စတင်ထူးဖော်ပါတယ်။ ဒါပေမဲ့ သူတို့ဘာတခုမှ မတွေ့ပါဘူး။ သူတို့ အရမ်းစိတ်ပျက်သွားကြပါတယ်။ အဲမှာ အကိုအကြီးဆုံးက ညီနှစ်ယောက်ကို “လယ်မြေနေရာအနှံ့က တူးဆွပြီးသားဖြစ်ပြီးပြီ။ လယ်ထဲမှာ ငါတို့ မျိုးစေ့ကြဲရအောင်” လို့ ပြောပြီး သူတို့ လုပ်လိုက်ကြတယ်။
လ အနည်းငယ်ကြာပြီနောက်မှာ သူတို့ဟာ ကောင်းမွန်တဲ့ ကောက်ပဲသီးနှံတွေကို သူတို့လယ်ထဲမှာ တွေ့လိုက်ရတယ်။ သူတို့ လယ်ကိုရိတ်သိမ်းပြီး အဲဒီကရတဲ့ အရာတွေကို ရောင်းချလိုက်တဲ့အခါ အမြတ်အစွန်းအများကြီး ရလိုက်ကြတယ်။ အဲအခါ အကိုအကြီးဆုံးက သူ့ညီနှစ်ယောက်ကို “ညီလေးတို့ အဖေပြောခဲ့တဲ့ ဝှက်ထားတယ်ဆိုတဲ့ ရတနာတွေက ဘာလဲဆိုတာ ငါနားလည်ပြီ။ ဝှက်ထားတဲ့ ရတနာတွေဟာ ငါတို့လယ်မြေကို တူး၊ မျိုးစေ့ကြဲခဲ့ပြီ ရလာတဲ့ ဒီကောင်းမွန် ကောက်ပဲသီးနှံတွေပဲ”။
“အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
ပရွတ်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။
အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊
ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့်မည်” (သုတ္တံ ၆:၆-၁၁)။
“အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူ မည်သည်ကား၊ အစာကိုလည်းမစားစေနှင့်ဟု ပညတ်ထားကြပြီ” (၂သက် ၃:၁၀)။
ရဲအောင်လံ
"The Hidden Treasure"အား မြန်မာမှုပြုထားသည်။
(စာရေးသူ ရဲအောင်လံသည် ဘာသာပြန် ကလေးပုံပြင်များ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)