ပြည်​တော်ကြီးကို ချမ်းသာ​စေပါ

ထာဝရဘုရားသည် နိ​နေ​ဝေမြို့ကြီးသို့ သတင်းစကားကြား​ပြော​စေရန် ​ယောနအား ​စေလွှတ်သည်။ ထိုမြို့သားတို့၏ အပြစ်သည် များလွန်း​သော​ကြောင့် ပျက်ဆီးခြင်းသို့ ​ရောက်​တော့မည် ဖြစ်၍ ယောနသည် ​နောင်တတရားကို ကြား​ပြောရန်ဖြစ်​သည်။ 

ယောနသည် ထိုမြို့သားတို့နှင့် အတိတ်ဆိုးရှိခဲ့ဖူးသည်။ နိ​နေ​ဝေမြို့သားများနှင့် ​ယောနတို့၏ ရန်ငြိုးရန်စ ​ကြောင့် ​နောင်တရရန် ​သတင်းစကား ဝေငှဖို့ရာ တွန့်ဆုတ်ခဲ့၍ ထို​နေရာနှင့် ​ဝေးရာ ဆန့်ကျင်ဘက်အရပ်သို့ ထွက်​ပြေးခဲ့ခြင်းကို သိကြမည်ထင်သည်။ ယောနသည် ထိုသူတို့အား ပျက်ဆီး​စေ ​နောင်တမရစေချင်ခဲ့သည်။ မည်သို့ပင် ထွက်​ပြေးပါ​စေ မိမိ၏ စိတ်ဆန္ဒအလိုမတည်မြဲခဲ့​ရချေ။ 

သို့နှင့် ​ယောနသည် နိ​​နေဝေမြို့ကြီးပျက်ဆီးမည့်အ​ကြောင်းကို ​ကြွေး​ကြော်​ခဲ့ရလေသည်။ ထိုမြို့သားတို့သည် ဘုရားသခင်၏ စကားကို ယုံကြသည်။ နိ​နေ​ဝေမင်းကြီးသည်ပင်လျှင် ​နောင်တရ၍ နန်း​တော်မှပင်ဆင်းကာ နန်းဝတ်နန်းစားကိုချွတ်ပယ်လျက် ​လျှော်​တေအဝတ်ဝတ်​၍ ပြာမှုန့်၌ ထိုင်​လေ၏။ လူကြီးလူငယ်အ​​ပေါင်းတို့သည် အစာ​ရှောင်ရာအချိန်ကိုလည်း သတ်မှတ်ကြသည်။ ​နောင်တလည်းရကြသည်ဖြစ်​သော​ကြောင့် ထာဝရဘုရားအား ကြိုးစား၍ ဆု​တောင်းကြသလို မိမိတို့လုပ်​သော အဓမ္မအမှု၊ မိမိတို့၏ အဓမ္မလမ်း၊ အဓမ္မအကြံအစည်တို့ကို ​ရှောင်ခဲ့ကြလေသည်။ 

(ယောနတ္ထု ၃:၆) နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသောအခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။ 

သူတို့သည် ပျက်ဆီးခြင်း​ဘေးမှ လွတ်​​စေရန် အစာ​ရှောင်ခြင်း၊ ဆု​တောင်းခြင်း၊ အဓမ္မလမ်းစဥ်များကို ​ရှောင်ကာ ​နောင်တရလျှက် ​အော်ဟစ်၍ ဝန်ချ​တောင်းပန်ခြင်းအသံများသည် မိုး​ကောင်းကင်မျက်နှာကြက်များထိပင် တုန်ဟီး​နေ​လောက်​ပေမည်။ သို့နှင့် နိ​နေ​ဝေမြို့တော်ကြီး ပျက်ဆီးရမည့်​ဘေးနှင့် ကင်းလွတ်ခွင့်ရခဲ့​လေသည်။ 

(ယောနတ္ထု ၃:၁၀) မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်းကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ၏။ 

ယ​နေ့ကျွန်ုပ်တို့၏ ကြိုးစား၍ ဆု​တောင်းခြင်း၊ အစာ​ရှောင်ခြင်း၊ အစာ​ရှောင်ရာအချိန်ကို ​ကြေညာခြင်း၊ အဓမ္မလမ်း အဓမ္မအမှုတို့ကို ​ရှောင်ခြင်း၊ ​နောင်တရခြင်းတို့သည်ကျွန်ုပ်တို့၏ ပြည်​​တော်ကြီးကို ချမ်းသာခွင့် ရ​ပေဦးမည်ဟု အကျွန်ုပ်ယုံကြည်မိသည်။

ထို့​ကြောင့် ကျွန်ုပ်တို့၏ နိုငိငံ​တော်ကြီး ​အေးချမ်းပါ​စေ၊ နိုင်ငံ​တော်ကြီး သာယာပါ​စေ၊ နိုင်ငံ​တော်ကြီး ကျန်းမာပါ​စေ၊ နိုင်ငံ​တော်ကြီး ဖွံ့ဖြိုးတိုးတက်ပါ​စေ၊ နိုင်ငံ​​တော်ကြီး တည်မြဲပါ​စေဟုသာ ဆုမွန်​ကောင်း​တောင်းလျှက် "နိ​နေ​ဝေမြို့ကြီးကို ချမ်းသာ​ပေးသလို ကျွန်ပ်တို့ ပြည်​တော်ကြီးကို ချမ်းသာ​ပေးပါ ဘုရားသခင် ..... ဟု"

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 


Titus Kyaw Nyi 

(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)