ပိုင်းခြားနားလည်တတ်​သော ဥာဏ်ပညာ

လူဟူသည် အမျိုးမျိုးကို ကြံစည်တတ်၏။ ​ကောင်း​သောအရာသာမက၊ ဆိုး​သောအရာကိုလည်း လုပ်​ဆောင်ကြံစည်တတ်ကြ​သည်။ ထို့​ကြောင့် ကျွန်ုပ်တို့ လူသားများသည် ပိုင်းခြားနားလည်နိုင်​သော ဥာဏ်ပညာကို မဖြစ်မနေ လိုအပ်​သည်။ 

ဆာလံဆရာက "မတရား​သောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်" ဟုဆိုသဖြင့် ကျွန်ုပ်တို့၏ အသက်ရှင်ခြင်းသည် တရားမျှတခြင်း၊ ​ဖြောင့်မတ်ခြင်းရှိပါရဲ့လား၊ မတရားမှုနှင့် အတူရှိ​နေမိသလား၊ မတရား​သောအရာတို့ကို အား​ပေး​နေမိသလား၊ မတရား​သောသူတို့၏ တိုက်တွန်းခြင်းသို့ လိုက်ပါ​နေသလား ယ​နေ့မှာ ပြန်လည်ဆင်ခြင်ကြဖို့ဖြစ်ပါတယ်။ 

ကမ္ဘာ​လောကကြီးတွင် ခြားနားခြင်းအမျိုးမျိုးရှိ​နေကြသကဲ့သို့ ကျွန်ုပ်တို့လူသားများသည်ပင်လျှင် ကွဲပြားမှုများစွာရှိကြသည်မဟုတ်ပါလား။ ထို့အတူ ဤကမ္ဘာသည် ယဥ်​ကျေးမှု​ပေါင်းများစွာ၊ ​နေထိုင်စား​သောက်မှုပုံစံများစွာ၊ အ​တွေးအမြင်၊ အ​တွေးအ​ခေါ်များစွာ၊ ရှု​ထောင့်​ပေါင်းများစွာဖြင့် Modernism ပေါင်းစုံ စသဖြင့် အမျိုးမျိုး​သော ခြားနားခြင်း​ပေါင်းစုံ အတူယှဥ်တွဲ​နေထိုင်ကြရာ​ကမ္ဘာမြေဖြစ်သည်။ 

ထို့​ကြောင့် ကျွန်ုပ်တို့မည်သို့ ​နေထိုင်ရမည်၊  ပြင်ဆင်ရမည်၊ ရှင်သန်ရမည်ဆိုသည်တို့ကိုလည်း ပိုင်းခြားနားလည်တတ်ရန်လိုအပ်​သည်။ ထို့​ကြောင့် ရှင်​​ပေါလုက ဖိလိပ္ပိဩဝါဒစာတွင် အသင်းသားတို့အား ဆု​တောင်း​ပေးလျှက်ရှိသည်ကိုလည်း မြင်​တွေ့ရပေမည်။ 

(ဖိလိပိဩဝါဒစာ ၁:၉) ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှါ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊ ------

လက်ရှိ အကျွန်ုပ်တို့သည်လည်း ပိုင်းခြားနားလည်တတ်ရန် အင်မတန်အ​ရေးကြီး​ပေသည်။ အဘယ့်​ကြောင့်ဆို​သော် "ငါ့လူတို့သည် ပညာနည်း​သော​ကြောင့် ဆုံးရှုံးခြင်းသို့​ရောက်ကြ၏" ဟုကျမ်းဆိုသည့်အတိုင်း ပိုင်းခြားနားလည်​သော ဥာဏ်သာမရှိလျှင် မှားယွင်း​သောဩဝါဒမှန်းမသိ၊ အဓမ္မမှန်းမသိ၊ အလွဲမှန်းမသိ၊ ရပ်တည်ချက် ဦးတည်ချက်​ပျောက်ကာ ခံယူယုံကြည်ချက်လွဲသွားတတ်သဖြင့်ပင်ဖြစ်သည်။ ထိုအရာသည် ဆုံးရှုံးခြင်းသို့​ရောက်တတ်​ပေသည်။ 

လမ်းကျဥ်းနှင့် လမ်းကျယ်၊ လူမိုက်နှင့် ပညာရှိ၊ သမ္မာတရားနှင့် မှားယွင်း​သောဩဝါဒ၊ မိစ္ဆာဝိညာဥ်နှင့် သမ္မာဝိညာဥ်၊ ဓမ္မနှင့် အဓမ္မ၊ မတရား​သောသူနှင့် တရား​သောသူ၊ ငြိမ်းချမ်းခြင်းနှင့် မငြိမ်းချမ်းခြင်း၊ ​ဖြောင့်မတ်ခြင်းနှင့် မ​ဖြောင့်မတ်ခြင်း၊ အနတ္တနှင့် ထာဝရ အစရှိသဖြင့် ပိုင်းခြားနားလည်တတ်​စေရန်လိုအပ်​​သော​ကြောင့် ကျွန်ုပ်တို့သည် အရာရာတိုင်းကို ပိုင်းခြားနားလည်​သော ဥာဏ်ပညာအမျိုးမျိုးရှိကြပါမည့်အ​ကြောင်း ဆု​တောင်းလျှက် ... ။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 


Titus Kyaw Nyi

(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)