အသက်တာပြောင်းလဲဖို့ လုပ်ရမဲ့ (၃)ချက်


ပထမအချက် 

ရှက်ရမယ် (မသိမ်ငယ်ရဘူး)

အသက်တာ ပြောင်းလဲခြင်းမှာ ပထမလိုအပ်ချက်က ပြုခဲ့မိတဲ့ အမှားတွေအတွက် ရှက်စိတ်ရှိရမယ်။
မလုပ်သင့်၊မပြောသင့်၊မဝတ်ဆင်သင့်ဘူး၊ မရောနှောသင့်ဘူး စတဲ့ ရှက်စိတ် ရှိရပါမယ်။
အရင်က မသိလို့ ပြောဆိုပြုမူခဲ့တာက အတိတ်မှာ ပြီးခဲ့ပြီ။
အရေးကြီးတာက အဲ့ဒီလုပ်ရပ်အမှားတွေအတွက် ရှက်စိတ်ရှိဖို့ပါ။
ရှက်ပါ ဒါပေမဲ့ မသိမ်ငယ်ပါနဲ့။ 
သူများ ဘယ်လို ထင်မြင်ယူဆမလဲ၊ ငါပြောင်းလဲချင်နေပြီဆိုတာကော သူတို့ယုံပါ့မလားဆိုတဲ့ အတွေးသံသယကိုဖယ်ပါ။

ဒုတိယအချက် 

နောင်တရရမယ်

ရှက်စိတ်မှာပဲရပ်မနေပဲ၊ နောင်တရရပါမယ်။

နောင်တဆိုတာ မှားနေတဲ့မိမိကိုယ်နဲ့ ခွင့်လွှတ်ပေးမဲ့ ဘုရားသခင်ကြားဆက်သွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော တံတားပါ။
နောင်တ အကြောင်းပြောရင် ယုံကြည်ခြင်း အကြောင်း ထည့်ပြောရပါမယ်။
ပျောက်သောသား  အဖေ့ဆီ နောင်တနဲ့ပြန်လာတဲ့အခါ သူပြန်လာတာကို အဖေလက်ခံမယ်ဆိုတာ ယုံကြည် နေခဲ့တယ်။

တတိယအချက် 

ဘုရားစကားကို နေရာပေးရမယ် 

အတိတ်ကပြုခဲ့တဲ့ အမှားတွေအတွက် ရှက်တတ် နေပြီ။
နောင်တလဲရပြီး ဘုရားရဲ့ခွင့်လွှတ်ခြင်းရပြီး သွားရင် နှလုံးသားက Empty ဖြစ်သွားပါတယ်။
Emptyကို ဒီအတိုင်း အလွှတ်မထားပဲ ဘုရားကို နေရာပေးပါ။
ဘုရားစကားနဲ့ဖြည့်ပါ မဖြည့်ရင် အန္တရာယ်ရှိတယ်။
သခင်ယေရှုက ဥပမာတစ်ခုပေးခဲ့တယ် ... သင်မှတ်မိလား။
နတ်ဆိုးစွဲနေတဲ့သူကို နတ်ဆိုးနှင်ထုတ်ပြီးရင် သူ့နှလုံးသားက ဗလာ ဖြစ်သွားတယ်။
အဲ့ဒီဗလာကို ခရစ်တော်နဲ့အစားမထိုးရင် နတ်ဆိုးက ပြန်လာပြီး သူ့ထက်ပိုဆိုးတဲ့ နောက်ထပ်၇ကောင်ကို ပြန်ခေါ်လာတယ်။
ရှေ့ဖြစ်ဟန်က နောက်ဖြစ်ဟန်ထက် သာ၍ဆိုးတယ်လို့ ပြောခဲ့တယ်။
ဒါကြောင့် နောင်တရပါ၊ အမှားတွေကိုဖယ်ပါ။
ပိုင်ရှင်ဖြစ်တဲ့ ဘုရားကို နေရာပေးပါ။
( ဝိညာဉ်တော်စကားပြောပါစေ ) 


Saw Winner

(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)