ကမ္ဘာကျော်ပန်းအတွက် တို့လက်သံ

 


ငါတို့လက်တွေ တွဲထားကြ

သမိုင်းတကွေ့ရဲ့ မှတ်တမ်းမှာ

အကြောက်တရားနဲ့ မှေးစက်မလား

ယုံကြည်ချက်ကို ထွေးဖက်မလား ....... ။


အာဏာပြောင်းဝက မိစ္ဆာနံ့ဟာ

အရူးတစ်ယောက်ရဲ့ အိပ်ပျက်ညလို

ထူထူပူပူ ငြူငြူစူစူ ....... ။


ငြိမ်သက်ခြင်းတွေ ခိုးယူခံရပြီ ..... ( သခင် )

သံပုံးကို နှလုံးသားနဲ့ခေါက်တိုင်း

ဆို့တတ်လာတဲ့ မျက်ရည်စဟာ

ညီညွတ်ခြင်းမျက်ရည်စ

စည်းလုံးခြင်းမျက်ရည်စ

ငြိမ်းချမ်းခြင်းမျက်ရည်စ ....... ။


ငါတို့လက်တွေ တွဲထားကြ

အာဏာရှင်ရဲ့ အတ္တတံခါးကို

၈ နာရီမှာ ခေါက်တဲ့အခါ 

ကမ္ဘာကျော်ပန်းက ပြုံးနေမှာ ....... ။


ဆွန်လျန်မုန် ( မကွေး )

(ကလောင်ရှင် ဆွန်လျန်မုန် (မကွေး)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)