သပိတ်လမ်းက သွေးစတွေ
သူရဲကောင်းတွေ ကွဲအက်သံနဲ့
ပြည်သူ့သောက ခံပြင်းလာမှ
( မင်းတို့အတွက် )
အာဏာအာဟာရ တဲ့လား ............ ။
အကြောက်တရားကို မျိုးဆက်ပွါးဖို့
ပုပ်သိုးနေတဲ့ အမှောင်မှိုင်းဟာ
( မင်းတို့အတွက် )
ကစားကွက်အသစ်ပေါ့ ......... ။
လာပါ
အတုတွေနဲ့မိတ္တူပွါးထားတဲ့
လူပြိန်းဂါထာဟာ
ပြည်သူကြားမှာတော့
ခွေးလေးတစ်ကောင်ခုန်လိုက်သလို
ဖုန်မထစေရဘူး ... ..... ။
ဆွန်လျန်မုန် ( မကွေး )
(ကလောင်ရှင် ဆွန်လျန်မုန် (မကွေး)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)