လက်နက်နဲ့ ဉာဏ်ပညာပြိုင်တဲ့ပွဲ
အမိန့်အာဏာနဲ့ ခံယူချက်တွေသွေးတိုးစမ်းမယ့်ပွဲ
အရှက်တရားနဲ့ ဂုဏ်သိက္ခာပြိုင်မယ့်ပွဲ
ကရုဏာတရားနဲ့ အတ္တပြိုင်မယ့်ပွဲ ....... ။
ဥပဒေရသဆိုတာ
သစ္စာနဲ့ကွပ်မှ လှတာ
ကလေးကွက်နဲ့စည်းဖောက်ပြတော့
ကမ္ဘာ့ဟာသကို ဖြစ်လို့ ....... ။
မင်းတို့ပျိုးတဲ့ အဓမ္မအနာဆိုးအတွက်
ကာကွယ်ဆေးဖော်ထား
ကမ္ဘာကဆုချမယ့် စီရင်ဒဏ်နဲ့
ပြည်သူကပို့မယ့် မေတ္တာစူးစူးမှာ
ခွင့်လွတ်ခြင်းကံစမ်းမဲပါမယ်ထင်လို့လား ..... ။
ဆွန်လျန်မုန် (မကွေး)
(ကလောင်ရှင် ဆွန်လျန်မုန် (မကွေး)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)