သွေးအလိမ်းလိမ်းနဲ့ သီချင်းတစ်ပုဒ်

ငါ့နှလုံးသား​တွေ သွေးအလိမ်းလိမ်း

ရောင်းရင်း​တွေရဲ့ ကျစီး​သွေး​တွေ မြင်​​ယောင်ရင်း​လေ

ဘယ်အချိန်မှတိတ်​တော့မလဲ။


ဘယ်သူမှ မသိနိုင်ဘူး

ငါ့​ဝေဒနာ​တွေက နှင်းလုံးလိမ့်လာသလို

လိမ့်ရင်းကြီးရင်း လိမ့်ရင်းကြီးရင်း

ဘယ်အချိန်ရပ်မလဲ။


ဘယ်သူမှမသိနိုင်ဘူး

ငါ့အိပ်မက်​တွေ အခိုးခံလိုက်ရတယ်

သူ​ပြော​တော့ "အေး​ဆေးပါ" တဲ့

ငါ့အနာဂါတ်​တွေ အခိုးခံလိုက်ရတယ်။


သူ​ပြော​တော့ "ပြသနာမရှိဘူး" ဆိုဘဲ

ငါ့အနာဂတ် အခိုးခံလိုက်ရတယ်။


သူ​ပြော​တာ​တော့

"            "


စက္ကန့်တိုင်း ငါဟာ အသတ်ခံရ​နေတယ်

စက္ကန့်တိုင်း ငါဟာ မုဒိန်းကျင့်ခံရ​နေတယ်

စက္ကန့်တိုင်း ငါဟာ သင်္ဂြိုလ်ခံ​နေရတယ်။


မင်း သိလား?

ဘဝဆိုတာ အထူးလက်​ဆောင်

မြတ်စွာဘုရားက ထူးခြားစွာ ညှိထွန်းလိုက်တာကွ။


ငါကိုသတ်ဖို့ ဘယ်သူ့မှာ အာဏာရှိလဲ?

တ​ယောက်မှ မဟုတ်ဘူး။


ငါ့ကိုညှင်းဆဲဖို့ ဘယ်သူ့မှာ အာဏာရှိလဲ?

တ​ယောက်မှ မဟုတ်ဘူး။


ငါ့ထဲ အဆုံးမဲ့​ဝေဒနာ​တွေစိုက်ပျိုးဖို့ ဘယ်သူ့မှာ အာဏာရှိလဲ?

တ​ယောက်မှ မဟုတ်ဘူး။


ငါ့အိမ်မက်​တွေကို ခြေမွဖို့ ဘယ်သူ့မှာ အာဏာရှိလဲ?

တ​ယောက်မှ မဟုတ်ဘူး။


ဘယ်လိုပဲဖြစ်ဖြစ်

လှိုင်းသမုဒ္ဒရာအထက်​ကျော်ဖြတ်မှာ

ဘယ်လိုပဲဖြစ်ဖြစ်

တောင်ထွဋ်ထက်ကိုအ​ရောက်သွားမှာ

ဘယ်လိုပဲဖြစ်ဖြစ်

ကာလမဲ့အာကာသထဲ ကူးခတ်ဦးမှာ

ဘယ်လိုပဲဖြစ်ဖြစ်

အိပ်မက်တစ်ခုချင်းကို လက်မ​လျော့ဘဲသိမ်းပိုကိဦးမှာ ။


"မင်း".. ငါ့ခန္ဓာကိုနင်း​ခြေလို့ရ​ပေမဲ့ 

ငါ့အိပ်မက်​တွေ​တော့ မရဘူး

"သူတို့" က ဆက်သယ်သွားလိမ့်မယ်။


"မင်း".. ငါ့ဦး​နှောက်ထဲ ပစ်​ထောက်လို့ရ​ပေမဲ့ 

ငါ့လိပ်ပြာကို​တော့ မရဘူး

"သူတို့" က ဆက်သယ်သွားလိမ့်မယ်။


"မင်း".. ငါ့အသက်ရှုခြင်းကို ရပ်တန့်လို့ရ​ပေမဲ့

ငါ့ကြမ္မာကို​တော့ မရဘူး

"သူတို့" က ဆက်သယ်သွားလိမ့်မယ်။


တ​နေ့ "မင်း​" သေမယ်

"သူတို့" က ဆက်သယ်သွားလိမ့်မယ်။

တ​နေ့ "ငါ" သေမယ်

"သူတို့" က ဆက်သယ်သွားလိမ့်မယ်။


"မင်း" ဘယ်သူလဲ

"ငါ" ဘယ်သူလဲ

"သူတို့" ဘယ်သူလဲ

သမိုင်းက အမှတ်ရ​နေလိမ့်မယ်။


"မင်း" ဘယ်သူလဲဆိုတာ

"ငါ" ဘယ်သူလဲဆိုတာ

"သူတို့" ဘယ်သူလဲဆိုတာ

ဒိဌ ဧကန်

သမိုင်းက အမှတ်ရ​နေလိမ့်မယ်။


Rev.ISRAEL LAPHAI

(ကလောင်ရှင် Rev.ISRAEL LAPHAIသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)