အက်ဆေး

 

My father name is U Baလို့​
ငါတို့ဆရာမက တတန်းလုံးကိုရေးခိုင်း​တော့
ငါဘာလို့ U Ba လို့​ရေးရမှာလဲ
ငါအ​ဖေက ဦးဘမှမဟုတ်တာ။

ငါတို့တတန်းလုံး
ငါတို့အ​ဖေ​တွေအဖြစ် ဦးဘလို့​သတ်မှတ်တဲ့အချိန်
ငါတို့တ​တွေ အဘ​တုတွေရဲ့ ဖိနပ်​အောက်မှာ လက်အုပ်ချီရင်း
ငါ့အ​ဖေဘယ်သူလဲဆိုတာ သံသယဖြစ်ရင်း
ငါအမှန်တရား​တွေကို တွေ​ဝေ​ငေးကြည့်ရင်း
ငါ​ကြောက်​နေခဲ့တယ်။

ငါ​ကြောက်ရင်း​ကြောက် ကြောက်ရင်း​ကြောက်နဲ့
ငါ​ကြောက်ရမှာ​တောင် ကြောက်လာတဲ့တ​နေ့တော့
ငါ့အ​ကြောက်တရားက ငါ့ကိုသတ္တိရှိ​စေခဲ့တယ်။

ငါစာ​မေးပွဲကျမှာ​ကြောက်​နေခဲ့တယ်
ငါ့ကိုလက်မခံမှာ ကြောက်​နေခဲ့တယ်
ငါ့အတန်းထဲမှာအကြဥ်ခံရမှာ ကြောက်​နေခဲ့တယ်
ငါ့ကိုထူးဆန်းတဲ့အကြည့်​တွေနဲ့ကြည့်မှာ ကြောက်​နေခဲ့တယ်
ငါ့အသက်ရှုသံ​တွေတောင် သစ္စာ​ဖောက်​တော့မဲ့အချိန်
ငါ​ကြောက်​​နေခဲ့တယ်။

ငါ​ကြောက်ရင်း​ကြောက် ကြောက်ရင်း​ကြောက်နဲ့
ငါ​ကြောက်ရမှာ​တောင် ကြောက်လာတဲ့တနေ့
ငါ့အ​ကြောက်တရားက ငါ့ကိုသတ္တိရှိ​စေခဲ့တယ်။

ငါအခုထိ​ကြောက်​နေဆဲပါ ...
ငါတကယ်​ကြောက်​နေဆဲပါ.... ဒါ​ပေမဲ့
ငါတကယ်​ကြောက်တာက
ငါ့လိပ်ပြာကို ငါသစ္စာ​ဖောက်မိမှာ ကြောက်တယ်။

ငါ့ရပ်တည်ချက်​တွေ ယိုင်နဲ့သွားမှာ ကြောက်တယ်။

ငါ့အိပ်မက်​တွေ အခိုးခံရမှာ ကြောက်တယ်။

ငါ့အနာဂတ်​တွေ နင်း​ခြေခံရမှာ ကြောက်တယ်။

ငါ့​မှန်​ထဲကငါ့ကို မုန်းမိမှာ ကြောက်တယ်။

ငါ​ကြောက်​နေခဲ့တယ်။

ငါ​ကြောက်ရင်း​ကြောက် ကြောက်ရင်း​ကြောက်နဲ့
ငါ​ကြောက်ရမှာ​တောင် ကြောက်လာတဲ့တနေ့
ငါ့အ​ကြောက်တရားက ငါ့ကိုသတ္တိရှိ​စေခဲ့တယ်။

ငါရေးချလိုက်တယ်

My father name is U Zaw Hlaing.


မရဏာသာ

(ကလောင်ရှင် မရဏာသာသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)