Gen Zပေးစာ

အိပ်မက်မြစ်ထဲ ဘဝတွေမြောတော့

စာနာမှုမရှိတဲ့ လူတွေကဝိုင်းရယ်ကြတယ်

တချို့ဆို အမှားတွေထောက်ပြပြီး

အပြစ်တင်နေကြလေရဲ့


အိပ်မက်က ဆက်မက်ဖို့

ဘဝတွေရင်းခဲ့တာမဟုတ်ဘူး


တည်ဆောက်ဖို့ အုတ်မြစ်ချသွားခဲ့တာ


ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ဆောက်နေကြတဲ့ ငါတို့

အနာဂတ်ရဲ့သမိုင်းဝင်လူစွမ်းကောင်းတွေ

ကိုယ်ချင်းစာစိတ်မရှိတဲ့ သူတို့တွေကတော့

သမိုင်းဝင်အမျိုးယုတ်သစ္စာဖောက်တွေ


Alphaလေးတွေ လက်ထက်

ငြိမ်းချမ်း ညီညွတ်တဲ့

ဒီမိုကရေစီ အကောင်အထည်ပေါ်ရေးအတွက်

ငါတို့သည်

အရောင်မဲ့ သဲပွင့်များသာ။


L.R.ထား

(စာရေးသူ L.R.ထားသည် ရသမြောက်သည့် ကဗျာနှင့် အက်ဆေး စာစုများ ရေးသားနေသည့် လူငယ်စာရေးဆရာမတဦး ဖြစ်သည်)