အမဲလိုက်ခဏ်း

ခြေရာခံဖို့ပဲ

ခြေရာတွေ မကျန်ခဲ့ဘူး


ငါးမရတော့လည်း

ရေချိုး...


ပြီးတော့

အဲ့ဒီရေကိုပဲ ကြိုသောက်ခဲ့တယ် မဟုတ်လား?


အိုင်တော့အိုင်ပဲ

ဒါပေမယ့် ဒါက တီတီကာကာရေအိုင်...


ငါးတွေခပ်ဖို့

ရေကို ယက်ယူကြမယ်တဲ့

ဝင်သက်နဲ့ထွက်သက်မှာ

ကိုယ်ဟာ သားကောင်ဖြစ်နေခဲ့ကြ....


သနားစရာ

ခြေထောက်မှာ ဒဏ်ရာတွေ့တော့

ကျော့ကွင်းဟာ ငါ့ကျော့ကွင်းပေါ့


ငါ့လည်ပင်းကို ပြန်ပြန်ရစ်ထားတဲ့ကြိုးတွေ။      ။


ခန့်သစ်ရင်

(စာရေးသူ ခန့်သစ်ရင်သည် ကဗျာ၊ အက်ဆေး၊ ဝတ္ထုနှင့် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)