ကပ်ဆိုးကနေ ကပ်ကောင်းအဖြစ်
ပြောင်းလဲနိုင်ဖို့ ပိုကပ်ကြပါစို့။
ဘာနဲ့ပိုကပ်မှာလဲဆိုတော့ ...
ဘုရားနဲ့ ပိုကပ်ကြပါစို့။
အလုတော်ဝန်ခံရင်းပေါ့။
ယုံကြည်သူအချင်းချင်း ပိုကပ်ကြပါစို့။
ကူညီဖေးမရင်းပေါ့။
မိသားစုအချင်းချင်း ပိုကပ်ကြပါစို့။
မေတ္တာတွေနဲ့ ထွေးပွေ့ရင်းပေါ့။
နှုတ်ကပတ်တော်နဲ့ ပိုကပ်ကြပါစို့။
စေ့စေ့နာခံလိုက်လျှောက်ရင်းပေါ့။
သန့်ရှင်းခြင်းနဲ့ ပိုကပ်ကြပါစို့။
သစ္စာနဲ့အသက်ရှင်ရင်းပေါ့။
ဆုတောင်းခြင်းနဲ့ ပိုကပ်ကြပါစို့။
မလျော့သောအားတွေနဲ့ပေါ့။
Rev.ISRAEL LAPHAI
(ကလောင်ရှင် Rev.ISRAEL LAPHAIသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)