သေခြင်းတရား​တွေ လှပမဲ့​နေ့

 


သေစေကြပြီ

သေ​နေကြပြီ

သေ​စေဖို့ပြင်​နေကြပြီ

သေနတ်​တွေတပြင်ပြင်နဲ့​ပေါ့။

သေနတ်က 

သေ​စေတဲ့နတ်ဆိုး​လား။

သေ​စေကြတာ​တွေက

သေနတ်ခလုတ်ဆွဲခိုင်းတဲ့အမိန့်တွေ

သေနတ်ကို​မောင်းဖြုတ်​စေတဲ့ အ​ကြောက်တရား​တွေ

သေနတ်ကိုင်တဲ့သူကို ဝင်ပူးတဲ့နတ်ဆိုး​တွေ။


သေ​စေကြပြီ

သေ​နေကြပြီ

သေနတ်ဆိုး​တွေမွှေ​နေကြပြီ

သေနတ်ဆိုး​တွေသတ်​နေကြပြီ

သေနတ်ဆိုး​တွေသောင်းကျန်း​နေပြီ။

သေနတ်ဆိုး​တွေကို ဘယ်သူဝင်ခွင့်​ပေးတာလဲ

သေနတ်ဆိုး​တွေလက်ထဲ ဘယ်သူအာဏာအပ်လိုက်တာလဲ

သေ​နတ်ဆိုး​တွေကို ဘယ်သူသတ်မလဲ

သေနတ်ဆိုး​တွေကို ဘယ်သူတားမလဲ

သေနတ်ဆိုး​တွေကို ဘယ်သူနှိမ်နင်းမလဲ။


သေ​စေကြတဲ့

သေ​နတ်ဆိုးကို ဖြိုခွင်းကြဖို့ထကြ ... ထကြ

သေ​စေကြတဲ့

သေ​နတ်ဆိုးကို တွန်းလှန်ကြဖို့ထကြ ...ထကြ

သေ​စေကြတဲ့

သေနတ်ဆိုးကို အောင်နိုင်ဖို့ထကြ... ထကြ

သေနတ်ဆိုးကို​သေ​စေမဲ့ ရဲရင့်ခြင်း​တွေ မွေးကြ... မွေးကြ

သေနတ်ဆိုးကို​သေ​စေမဲ့ အ,ကြောက်တရား​တွေ ဟောကြ ... ဟောကြ

သေနတ်ဆိုးကို​သေ​စေမဲ့ သတိတရား​တွေ မြဲကြ ...  မြဲကြ

သေနတ်ဆိုးကို​သေ​စေမဲ့ ခန္ဓီတရား​တွေ ထားကြ ... ထားကြ

သေနတ်ဆိုးကို​သေ​စေမဲ့ စာနာမှု​တွေ များကြ ... များကြ

သေနတ်ဆိုးကို​သေ​စေမဲ့ မေတ္တာတရား​တွေ ပွားကြ ... ပွားကြ

သေနတ်ဆိုး​တွေ သေတဲ့တနေ့

သေခြင်းတရားက အမြဲလှပ​နေလိမ့်မယ်။


မရဏာသာ

(ကလောင်ရှင် မရဏာသာသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)