ကိုဗစ်ကြောင့် မိဿဟာယတွေနည်း
ကိုဗစ်ကြောင့် နှလုံးသားတွေနီးလာကြ
ကိုဗစ်ကြောင့် လွတ်လွတ်လပ်လပ်မသွားနိုင်ကြပေမဲ့
ကိုဗစ်ကြောင့် ကမ္ဘာကြီးကို လေ့လာဆက်သွယ်လာနိုင်ကြတယ်
ကိုဗစ်ကြောင့် ဘုရားကျောင်းမသွား ဆုမတောင်းနိုင်ပေမဲ့
ကိုဗစ်ကြောင့် ကိုယ့်ဖာသာဒူးထောက်တတ်လာတယ်
ကိုဗစ်ကြောင့် လူတွေကိုမယုံမရဲဖြစ်ကြတယ်
ကိုဗစ်ကြောင့်ပဲ အိမ်နီးချင်းကို သနားချစ်ခင်တတ်လာတယ်
ကိုဗစ်ကြောင့် အလုပ်တွေနည်း ၀င်ငွေနည်းလာတယ်
ကိုဗစ်ကြောင့် စည်းစနစ်ကျကျသုံးစွဲတတ်လာတယ်
ကိုဗစ်ကြောင့် ကျမ်းစာကျောင်းပိတ်စာသင်ခန်း တွေတိတ် သွားကြတယ်
ကိုဗစ်ကြောင့် ကျမ်းစာဖတ် စာတွေဖတ် ဒေသနာတွေ ရွေးချယ်နားထောင်ရုံမက ဗျာဒိတ်ကိုပါလေ့လာကြတယ်
ကိုဗစ်ကြောင့် အဆင်မပြေခက်ခဲကြပေမဲ့
ကိုဗစ်ကြောင့် ကိုယ်ချင်းစာတတ် ပေးကမ်းတတ်လာတယ်
ကိုဗစ်ကြောင့် လူတွေ တရားနဲ့ဝေးတယ်ထင်ရပေမဲ့
ကိုဗစ်ကြောင့် လူတွေ ကယ်တင်ခြင်းဘက်ဆည်းကပ်လာကြတယ်
ကိုဗစ်ကြောင့် --------------------------
ကိုဗစ်ကြောင့် -------------------ဘုရားသခင်ကိုပိုပို ---------- ။
အကြည်
(စာရေးသူ အကြည်သည် ဓမ္မရေးရာစာစုများ မြောက်များစွာရေးသားနေသည့် စာရေးဆရာတဦးဖြစ်သည်)