ကိုဗစ်ကာလမြူထသောခါ

တိုက်မြင့်ပေါ်ကလူတွေ ခုန်ချကြနေကြတာ 

ပျော်လို့မဟုတ်ဘူး


ဆန်လေး၂ပြည် ဆီလေးတဘူးရလို့ 

မျက်ရည်ကျတာလည်း ၀မ်းနည်းလို့မဟုတ်ဘူး


အိမ်မှာဖျစ်ညှစ်နေနေကြရတာလည်း အားလို့မဟုတ်ဘူး

စီးပွားကျလို့ ညည်းတွားတာလည်း ဟန်ဆောင်ကြတာမဟုတ်ဘူး


စျေးတွေမဝယ်နိုင်လို့ ရှိတာလေးနဲ့မသေထမင်းစားနေကြတာလည်း

အပြစ်များလို့မဟုတ်ဘူး


ဝေဒနာခံစားလို့ သီးသန့်နေနေရတာလည်း ညံ့ဖျင်းလို့မဟုတ်ဘူး

ကုမနိုင်လို့ဆုံးရှုံးတာလည်း အားကိုးရာမရှိလို့မဟုတ်ဘူး


တနိုင်ငံလုံးတကမ္ဘာလုံး စိုးရိမ်ကြောင့်ကြနေကြတာလည်း

လိမ်ညာနေကြတာမဟုတ်ဘူး


အရာခပ်သိမ်းဟာ လည်ပတ်နေကြတာ

ဒါလေးပြီးလို့ပြီးမှာလည်းမဟုတ်သလို ဒါမပြီးသေးလို့

ကြာကြာနေကြမှာလည်းမဟုတ်ဘူး

လည်ပတ်ဖို့ကြိုးစားကြဦးမှာ 


တကယ်တော့ သူငယ်ချင်း

မင်းသတိထားရမှာ တခုပါပဲ 

ဘာလုပ်လုပ် ဘာဖြစ်ဖြစ် မင်းမိသားစု

ညီအကိုမောင်နှမတွေကို ချစ်ခင်ပူပန်သလိုမျိုး


မင်းပတ်ဝန်းကျင်လူတွေဟာလည်း လူသားဆိုတာမမေ့ပါနဲ့

မင်းရဲ့ကိုယ်ချင်းစာတရားက သူတို့မျက်ဝန်းကသူတို့နှလုံးသားထဲအထိ နက်ဝင်ပါစေ။


အကြည်

(စာရေးသူ အကြည်သည် အတွေးအမြင်စာစု၊ ဓမ္မရေးရာစာစုများ မြောက်များစွာရေးသားနေသည့် စာရေးဆရာတဦးဖြစ်သည်)