ဇန်နဝါရီ (၁၇)ရက်က အဆက်
အသစ်ဖြစ်ခြင်း
လောကမှာ
လူအတွက်အသစ်ဖြစ်ခြင်း တမျိုးပဲရှိပါတယ်။ အဲဒါကတော့ ဝိညာဉ်ရေးအဓိပ္ပါယ်ပါပဲ။
(၂ကော ၅း၁၇) လူမည်သညကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။
(ဂလာတိ
၆း၁၅) အကြောင်းမူကား ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံပဲနေခြင်းလည်း အကျိုးမရှိ။
သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ။
(ဂလာတိ
၅း၆) မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။
(ကောလာသဲ
၃း၁၀) ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဍာန်နှင့်အညီ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို
ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။
ခရစ်ယာန်ဆိုတာ
တရားကိုသာ အားကိုးလိုက်လျှောက်ကျင့်သုံးရတဲ့ ဘာသာတရားတခု သက်သက်မျှ မဟုတ်ပါဘူး။ အသက်ရှင်တော်မူသော
ခရစ်တော်ကိုယ်တိုင် ပုဂ္ဂိုလ်အဖြစ် ပါဝင်တည်ရှိနေပြီး ထိုအရှင်ကို မိမိ၏ အရှင်အဖြစ်
အကြွင်းမဲ့ အုပ်စိုးခွင့်ပေးပြီး ပုဂ္ဂိုလ်ခြင်း ဆက်နွယ်မှုရှိတဲ့ ဘုရားရဲ့အသက်နဲ့
အသက်ရှင် နေထိုင်ခြင်း သဘောတရားဖြစ်တယ်။ သို့အတွက်မှသာ ထူထက်သာလွန်သော အတိုင်းအတာ ဘောင်တန်းတခုကို
လူသာမန်တဦးက ဘုရားရဲ့ ပြုပြင်ခြင်းတန်ခိုးအားဖြင့် ရောက်ရှိနိုင်မှာပါ။ ဒါကြောင့် Christianity
is not a Religion; it is Relationshipလို့ ဆိုထားတာပါ။ ဘာသာတရားသက်သက်မဟုတ်ပါဘူး။
ဘုရားနဲ့ ဆက်နွယ်ပတ်သက်မှုရှိခြင်းအကြောင်း ဖြစ်တယ်။ အဲဒီလိုမှသာ လူမတတ်နိုင်တဲ့အမှုကိစ္စတွေကို
လူက ဘုရားရဲ့ မစခြင်းတန်ခိုးအားဖြင့် ကျော်ဖြတ်သွားနိုင်မှာ ဖြစ်တယ်။ ဒီသဘောဟာ အဓိကအုတ်မြစ်
Foundation of Christian Faithဖြစ်တယ်။
သာသနာပြုဆရာကြီးတပါးဖြစ်တဲ့
Stanley Joneက စိတ်ပြောင်းလဲခြင်း (သို့) ခရစ်တော်၌ရှိခြင်းဆိုသည်မှာ အတ္တပဓာနစိတ်ထားမှ ခရစ်တော် ပဓာနစိတ်ထားသို့ ပြောင်းလဲခြင်း(Conversion is the shift of Ego –
centric life/ to Christocentric life)ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လူက ဘာသာတရားထဲကို
ဝင်သွားတာမဟုတ်ဘဲ အသက်ရှင်တော်မူသော ဘုရားက လူအထဲကို ဝင်ရောက်ကိန်းဝပ်ပြီး လူနဲ့အတူရှိခြင်းဖြစ်စဉ်ကို
ပြောတာဖြစ်ပါတယ်။ အဲဒီအခါမှာ သိသာထင်ရှားလာတာက ထိုသူတဦးဟာ လောကကို ရှုမြင်သုံးသပ်တဲ့အခါမှာ
အရာရာကို ခရစ်တော်ရဲ့နှလုံးသားနဲ့ ခံစားရှုမြင် သုံးသပ်တတ်လာတာ့တယ်။ ဒါဟာ လူသာမန်မလုပ်နိုင်ပါဘူး။
မလုပ်တတ်ကြဘူး။ ရရင်လည်း အချိန်ပိုင်း ခေတ္တမျှသာပါပဲ။ ဒါကြောင့် လူဟာ သူ့ဆီမှာမရှိတဲ့ Devine love – Divine
power – Divine lifeလို့ခေါ်တဲ့ လူ့သဘာဝကို ကျော်လွန်နိုင်တဲ့ အစွမ်းသတ္တိ ခွန်အားဖြစ်တဲ့
အသစ်ဖြစ်သော ဘုရားရဲ့ဗီဇသဘာဝ (Divine nature)ကို လိုအပ်တယ်။ အဲဒီအရာကို ဘုရားပေးမှရတာ။
ဘုရားဆီမှာပဲ ရှိတဲ့အရာဖြစ်တယ်။ ဘုရားနဲ့အဆက်ရှိရင်ရပါတယ်။ လူလုပ်လို့မရတဲ့ပိုင်းကဏ္ဍတွေကို
ဘုရားက အတွင်းထဲကနေပြီး ပြုပြင်ခြင်းတန်ခိုးတော်အားဖြင့် လုပ်ဆောင်ပေးတာဖြစ်တယ်။ အဲဒီအချိန်ကြမှ
လူသားတယောက်ရဲ့ သိကျွမ်းခြင်း (knowledge)၊ ခံစားခြင်း (feeling)နဲ့ ဆုံးဖြတ်ခြင်း
(will)အားလုံးတို့ဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း တစတစပြုပြင်ပြောင်းလဲခြင်းကို ခံရပြီး
သူဟာ အသစ်ပြုပြင်သောလူသစ် (Regenerated person)ဖြစ်လာပြီး ဘုရားအရည်အသွေးဖြစ်တဲ့ ဘုရားသဘာဝနဲ့အညီ
အသက်ရှင်နေထိုင်တတ်တဲ့ သတ္တဝါအသစ်ဖြစ်လာပါတယ်။ ကျောက်သားလိုမာကျောခက်ထန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့
လူ့နှလုံးသားဟာ ထိုပုဂ္ဂိုလ်အရှင်မြတ် ဝင်ရောက်ကိန်းဝပ်နေရာယူ အုပ်စိုးအုပ်ချုပ်တဲ့အခါမှာတော့
သူဟာ အသစ်သောနှလုံးသားအဖြစ် ပြောင်းလဲသွားပြီး ဘုရားဗီဇသဘာဝ၊ ဘုရားရဲ့ကောင်းမြတ်တဲ့အရည်အသွေးနဲ့
စံချိန်မှီစွာ လိုက်လျှောက် အသက်ရှင်နေထိုင်တတ်တဲ့ လူသားဆန်တဲ့ လူတယောက်အဖြစ်ကို ပြောင်းလဲရောက်ရှိသွားနိုင်တာ
ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးက လောကကြီးမှာ လူအများ နားလည်ထားသလို အရက်သမားက အရက်ပြတ်သွားသလိုမျိုး၊
ဆေးသမားတယောက် မူးယစ်ဆေးသမားဘဝက လွတ်မြောက်ခြင်းရသွားတာမျိုး၊ လူဆိုးကနေ လူကောင်းဖြစ်သွားခြင်းဆိုတဲ့
လူ့အကျင့်စာရိတ္တပြောင်းလဲခြင်း (Change)ဆိုတဲ့ အဆင့်လောက်ကို ပြောတာ မဟုတ်ပါဘူး။
(Regenerate) သတ္တဝါအသစ်ဖြစ်သွားခြင်းကို ပြောတာပါ။
ပြောင်းလဲခြင်းဖြစ်စဉ်သဘောရဲ့
အပြင်ဘက်မှာရှိတဲ့ မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲဘဲ တည်ရှိပြီး တည်နေတော်မူတဲ့ ထိုအရှင်ယေရှုနဲ့
ထိတွေ့အဆက်ရမှာသာ ဘုရားက ကိုယ်နဲ့အတူ တဘဝလုံး အတူရှိနေတဲ့ သတ္တဝါအသစ်ဖြစ်နိုင်ခြင်းကို
ဆိုလိုတာပါ။ စာရေးသူဆိုလိုသည်မှာ လူတယောက် အရက်ပြတ်သွားခြင်းက သူ ယေရှုခရစ်တော်ကို
ယုံကြည်လက်ခံပြီး ထာဝရအသက်ရသွားတယ်ဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ သီးခြားစီ ဖြစ်တဲ့ အဓိပ္ပါယ်သာဖြစ်ပါတယ်။
လူတယောက် အကျင့်စာရိတ္တပြောင်းလဲပြီး လူဆိုးကနေ လူကောင်းဘဝ ရောက်သွားတာမျိုးက လူတချို့
ကိုယ့်ခွန်ကိုယ့်အားနဲ့ ဘုရားသခင်ရဲ့ အခန်းကဏ္ဍမပါဘဲ လုပ်လို့ရနိုင်ပါတယ်။ ဘာသာခြားတွေ၊
နိုင်ငံတကာအစိုးရတွေ၊ လူမှုဝန်ထမ်းအဖွဲ့အစည်းတွေလည်း စာရိတ္တပိုင်းဆိုင်ရာကို ပြုပြင်
ပြောင်းလဲရေး လုပ်နိုင်နေကြတာပဲလေ။ အဲဒီမှာ နောင်တရပြီး ကိုယ့်ကိုကိုယ်ပြုပြင်ရင်း
လူဆိုးကနေ လူကောင်းဘဝ ရောက်သွားကြတဲ့လူတွေ မူးယစ်ဆေးပြတ်သွားတဲ့လူတွေလည်း အများကြီးပဲ
မဟုတ်လား။ အဲဒါက ဘုရားသခင်ကို ယုံကြည်သွားတာ၊ ကယ်တင်ခြင်းရသွားတဲ့ သတ္တဝါအသစ်ဖြစ်ခြင်းသဘောနဲ့
လားလားမျှ သက်ဆိုင်မှု မရှိကြောင်းပါ။
(၂ကော
၅း၁၇)က လူဆိုး လူကောင်းဖြစ်ခြင်းကို ပြောတာ မဟုတ်ဘဲ လူဟောင်းကနေ လူသစ်ဖြစ်ခြင်းကို
ရည်ညွှန်းတာပါ။ အဲဒီလိုဖြစ်ရခြင်းအကြောင်းရင်းကလည်း ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့်သာ
ဖြစ်နိုင်ပြီး ဘုရားရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် လိုအပ်တဲ့အကြောင်း ပြောထားတာြဖစ်တယ်။
အဲဒီဘုရားနဲ့ အဆက်ရှိပြီဆိုရင် သူလုပ်ပေးလိမ့်မယ်။ ကိုယ်လုပ်နိုင်တာ မဟုတ်ဘူး။ အဲဒီအရာကိုသာ
အသစ်ဖြစ်ခြင်းလို့ ပြောနိုင်တာပါ။ ကျေးဇူးတော်လို့ ခေါ်တွင်လို့လည်း ရပါတယ်။ ကိုယ့်ခွန်ကိုယ့်အားနဲ့
လုပ်လို့ရတယ်ဆိုရင် လောကမှာ ဘုရားရဲ့အခန်းကဏ္ဍ သခင်ယေရှု လူ့လောကကို ကြွလာပြီး လက်ဝါးကပ်တိုင်မှာ
အသွေးသွန်း အသက်စွန့်စရာ ဘာလို့ လိုအပ်တော့မှာလဲ။ လူလုပ်နိုင်လို့ ဘုရားက ဝင်ပြုပေးတဲ့
အမှုမို့ ကျေးဇူးတော်လို့ ပြောဆို ဝန်ခံကြရတာ မဟုတ်လား။ ကိုယ့်ခွန် ကိုယ့်အား ကိုယ့်လုပ်ဆောင်ချက်နဲ့
ရနိုင်၊ ဖြစ်နိုင်၊ လုပ်နိုင်တယ်လို့ ဆိုတဲ့လူတွေကတော့ ချွင်းချက်ပေါ့။ သူတို့က ကျေးဇူးတော်သာသနာနဲ့
မသက်ဆိုင်တဲ့ လူတွေပါပဲ။ လူကောင်းတွေလို့လည်း တံဆိပ်ကပ်လို့ရပါတယ်။ ဒါပေသိ သမ္မာကျမ်းစာကပြောတဲ့
သတ္တဝါအသစ်ဖြစ်ခြင်းဆိုတဲ့ ဖြစ်စဉ်ထဲမှာတော့ စာရင်းမဝင်ပါဘူး။ လောက်ကောင်း လောက်မြတ်တွေ
အဖြစ်တော့ လောက်ကမ္ဘာလောကအတွင်းမှာ သတ်မှတ်ခြင်းခံရရုံမျှသာပါပဲ။
ဆက်လက်ဖော်ပြပါမည်
တင်အောင်လွင် (Exodus)
(စာရေးသူ တင်အောင်လွင် (Exodus)သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် စာရေးဆရာတဦး ဖြစ်သည်)