မာန

ကျမ်းစာထဲမှာ ဘုရားကိုမေ့ပြီးဘဝပျက်သွားသူ ၂ ယောက်ရှိတယ်။

နေဗုဒ်ခ နေဇာဟာ သူပိုင်ဆိုင်တဲ့ အာဏာ၊ အောင်မြင်မှုနဲ့ ခမ်းနားတဲ့ ရွှေမြို့တော်ကြီးတွေဟာ 

ဘုရားကြောင့်ဆိုတာမေ့သွားပြီး သူ့အစွမ်းအစနဲ့သူရတာဆိုတဲ့ မာနစိတ် ဝင်လာတယ်။

အဲ့ဒီအခါ ၇နှစ်နှစ်တိုင် မြက်စားရတဲ့ဘဝကို ရောက်သွားတယ်။

လူစီဖာ သူ့အရိုက်အရာ၊ သူ့လှပခြင်း၊ သူ့ကောင်းမြတ်ခြင်းနဲ့ ချီးမြောက်ခံရခြင်းက 

ဘုရားကြောင့်ဆိုတာမေ့သွားပြီး 

ဘုရားကဲ့သို့နေမယ်ဆိုတဲ့ မာနစိတ် ဝင်လာတယ်။

အဲ့ဒီအခါ မြေတိုင်အောင် နှိမ့်ချခံရတယ်။

မာနဆိုတာ 

ဘုရားကြောင့်ဆိုတာ မေ့လျော့ခြင်းဖြစ်ပြီး....

နှိမ့်ချခြင်းဆိုတာ 

ဘုရားကြောင့်ဆိုတာ သိမှတ်ခြင်းဖြစ်တယ်။

ဘုရားသားသမီးတယောက်ဟာ 

ကိုယ့်ရဲ့ ဝင်ငွေ ကိုယ့်ရဲ့ ရာထူးအလုပ်အကိုင် ကိုယ့်ရဲ့ အစွမ်းအစ လုပ်နိုင်စွမ်းတွေဟာ

 ဘုရားကြောင့် ဖြစ်တယ်ဆိုတာ မမေ့သင့်ဘူး။

(တရားဟောရာကျမ်း ၈:၁၆ - ၁၇)
သင့်ကိုနှိမ့်ချစုံစမ်း၍၊ နောက်ဆုံး၌ကျေးဇူးပြုလိုသောငှာ၊ သင်၏ ဘိုးဘေးမသိဘူးသော မန္နနှင့် တော၌ ကျွေးမွေးတော်မူသော သင်၏ဘုရားသခင် ထာဝရဘုရားကို မေ့လျော့၍၊ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် 
ဤစည်းစိမ်ကိုငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့်ကြဉ်ရှောင်လော့။

Saw Winner

(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)